Entertainment: ကေတီပယ်ရီနဲ့ အော်လန်ဒိုဘလွမ်းကို မနာလိုဖြစ်နေတဲ့ ဂျွန်မေရာ

ဂျွန်မေရာဟာ ကေတီပယ်ရီကို ပြန်ရဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

play

 

ကေတီပယ်ရီနဲ့ အော်လန်ဒိုဘလွမ်းရဲ့ အချစ်ရေးက ပိုမိုခိုင်မာလာပြီး ပျော်ရွှင်မှုတွေနဲ့ အတိပြီးနေခါမှ ကေတီရဲ့ ရည်းစားဟောင်း ဂျွန်မေရာက လွတ်တဲ့ငါး ကြီးနေပါတယ်။

play

 

အဆိုတော် ဂျွန်မေရာဟာ ကေတီ့ကို ပြန်ရဖို့ ဘာမဆို လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး ဖုန်းထဲကတောင် လက်ထပ်ခွင့် တောင်းလိုက်တယ်လို့ ကေတီပယ်ရီနဲ့ ရင်းနှီးသူတစ်ဦးက ပြောလာပါတယ်။

"သူက ကေတီ့ကို ဖုန်းထဲကနေ လက်ထပ်ခွင့်တောင်းတယ်။ ကေတီ့အတွက် ကာတီးယားစိန်လက်စွပ် ဝယ်ပြီး ဒူးထောက်ဖို့ အဆင်သင့်လို့ ပြောတယ်။ တချိန်လုံး ဖုန်းဆက်၊ မက်ဆေ့ပို့လုပ်နေတယ်" လို့ ထိုသူက ဆိုပါတယ်။

play

 

ဒါပေမဲ့ အော်လန်ဒိုနဲ့ သူမရဲ့ လှပတဲ့ အနာဂတ်ကို မြင်နေပြီဖြစ်တဲ့အတွက် ကေတီပယ်ရီကတော့ ဂျွန့်စကားကို အယုံအကြည်မရှိတော့ပါဘူး။

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ