Entertainment: ရန်ကုန်မြို့မှာ ပြုလုပ်မယ့် နှင်းဆီအငြိမ့်

နှင်းဆီအဖွဲ့သားတွေကို အစုံအလင်တွေ့ရမယ့် ဖျော်ဖြေပွဲကြီး တစ်ခုကို မေလထဲ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

ပြည်တွင်းဖျော်ဖြေမှုများအနေနဲ့ တစ်နှစ်ကို တစ်ပွဲကျင်းပလေ့ရှိတဲ့ နှင်းဆီအဖွဲ့သားများရဲ့ လာမယ့် ဖျော်ဖြေပွဲက အစိုးသစ်လက်ထပ်မှာ ပထမဆုံး ဖျော်ဖြေ ကပြမယ့် ပွဲလည်း ဖြစ်ပါတယ်။

play

 

‘‘မေလတော့ မကုန်ပါဘူး။ ပထမပတ်၊ ဒုတိယပတ်လောက်ဖြစ်မယ်။ ပြက်လုံးတွေက အခုတော့ ကနဦး စလုပ်နေကြပြီ။ ဒါပေမဲ့ သင်္ကြန်ပြီးမှပဲ သေသေချာချာထပ်လုပ်မယ်"လို့  ကျော်ကျော်ဗို ကဆိုပါတယ်။

play

 

နှင်းဆီအဖွဲ့မှာ ပါဝင်မယ့် လူရွှင်တော်များကတော့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းတို့ပါဝင်မှာ ဖြစ်သလို အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရဲလေးက ပြန်လည်ပါဝင်မယ်လို့ လည်းသိရပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ