Entertainment: ခြေထောက်တစ်ချောင်း မိုးပေါ်ထောင်ပြီး ဓာတ်ပုံရိုက်တဲ့ ဗစ်တိုးရီးယား

ဗစ်တိုးရီးယားဘက်ခမ်းဟာ သူမရဲ့ခန္ဓာကိုယ် ဘယ်လောက် ပျော့ပြောင်းလဲဆိုတာ ပြသလိုက်တာပါပဲ။

play

 

ဗစ်တိုးရီးယားဘက်ခမ်းဟာ တခြားဆယ်လီတွေလို အင်စတာဂရမ်ကို အမြဲသုံးတတ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ပုံတည်းနဲ့ အားလုံး အံ့သြမင်သက်အောင် လုပ်နိုင်သူပါ။

play

 

မတ်လ ၃၁ ရက်နေ့မှာ Spice Girl အဖွဲ့ဝင်ဟောင်း ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယာယးဟာ Vogue မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ပေးခဲ့ပြီး သူမရဲ့ ပရိသတ်တွေကိုတော့ ခပ်မိုက်မိုက်ဓာတ်ပုံတစ်ပုံ မျှဝေခဲ့ပါတယ်။

"ဘဲလေးအကသင်တန်းတွေက အသုံးဝင်သွားပြီ" လို့ ပုံအောက်မှာ ဗစ်တိုးရီးယားက ရေးထားပါတယ်။

play

 

အသက် ၄၁ နှစ်အရွယ် ဗစ်တိုရီးယားဟာ အဲဒီပုံထဲမှာ ဆိုဖာပေါ် တစ်စောင်းလှဲကာ ခြေတစ်ချောင်းကို သက်သောင့်သက်သာပဲ လေထဲ မြှောက်လို့ လက်သည်းဖျက်နေဟန် လုပ်နေပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ