Entertainment: အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ

၂၀၁၄-၂၀၁၅ နှစ်နှစ်စာပေါင်းပြီး ကျင်းပမယ့် အကယ်ဒမီပေးပွဲကို လာမယ့် ဧပြီလ(၃)ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

play

 

Myanmar Event Park မှာကျင်းမယ့် ဒီအကယ်ဒမီပေးပွဲမှာ ဆုရဖို့ရေပန်းစားနေတဲ့ အကယ်ဒမီစာရင်းဝင် ဇာတ်ကားကြီး (၃၀)ရှိတယ်လို့သိရပါတယ်။ ၂၀၁၄ ခုနှစ်မှာ အကယ်ဒမီစာရင်းဝင်ဇာတ်ကားကြီး (၁၇)ကားနဲ့ ၂၀၁၅ခုနှစ်မှာတော့ ဇာတ်ကားကြီး(၁၃)ကား ရှိနေပါတယ်။ ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ဘယ်သူတွေ အကယ်ဒမီရဖို့ရေပန်းစားနေလဲ၊ ဘယ်ဇာတ်ကားတွေက ထူးချွန်ဆုတွေရသွားမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

play

 

၂၀၁၄ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ -၃၉ဗိုက်ပူ၊ မာကြီးရှည် ၊မာယာပရောဂျက်၊ အချစ်များနဲ့ဖန်ဆင်းမယ်၊ ခိုးခိုးခစ်ခစ်၊ မော်ဒန်ရာဇဝင်၊ အဆုံးမဲ့အချစ်၊ တိုက်ဆိုင်မှုရှိလျှင်၊ နှလုံးသားဖြင့်ပြုလုပ်သည်၊ အောင်မြင်ကျော်ကြားစူးရှထက်မြက်၊ သက်တံသစ်၊ ကိုတင့်တို့စူပါရပ်ကွက်၊ အွန်လိုင်းပေါ်ကဝိဥာဉ်၊ လော်မင်္ဂလာ၊ ကောင်းကျိုးကိုယ်၌တည်စေမင်း၊ ရည်းစားဦး၊ အသက်ကိုအသက်ထက်ပို၍ချစ်သော စတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။

play

 

၂၀၁၅ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ -မင်္ဂလာလှည်း၊ လူကြီးမင်းခင်ဗျား၊ ချစ်စံအိမ် ၂၀၂၈၊ ကျွန်မကနှင်းဆီပါမောင်၊ ဤအရာကိုအချစ်ဟုခေါ်သလား၊အောင်ဘာလေ၊ ကျူးပစ်ရဲ့ကျေးကျွန်များ၊ မဟာဆန်တဲ့မာယာမျက်နှာဖုံး၊ နက္ခတ်မှားတဲ့တိုက်ပွဲ၊ မောင့်အိမ်သူ၊ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား၊ ရောင်နီဦး အလင်းရောင်နှင့်အတူ၊ ကျွန်တော့ရည်းစားဘုရားမှာနေသည် စတဲ့ဇာတ်ကားတွေ ဖြစ်ပါတယ်။

play

 

ဒီဇာတ်ကားတွေအားလုံးထဲမှာ အကယ်ဒမီရနိုင်တယ်လို့ ပရိသတ်တွေကြားမှာ ရေပန်းနေတဲ့ အနုပညာရှင်တွေကတော့ အမျိုးသားဇာတ်ဆောင်ဆုအတွက် လူမင်း၊ပြေတီဦး၊နေတိုး၊ခင်လှိုင်တို့ ရေပန်းစားနေပါတယ်။ ဝါရင့် ဟာသသရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ခင်လှိုင်ကတော့ ပရိသတ်အများစု သဘောကျ နှစ်ခြိုက်ခဲ့တဲ့ အောင်ဘာလေ ဇာတ်ကားကြီးနဲ့ ထူးချွန်ဆုရမယ်လို့ ပြောနေကြပါတယ်။ အမျိုးသမီးဇာတ်ဆောင်ဆုအတွက်ကတော့ ဖွေးဖွေး၊ ဝတ်မှုံရွှေရည်၊ သက်မွန်မြင့်၊ အိန္ဒြာကျော်ဇင်၊ လိုင်လာခမ်း၊ တက္ကသိုလ်ဂွမ်းပုံတို့က ရေပန်းစားနေပါတယ်။ တက္ကသိုလ်ဂွမ်းပုံကတော့ "ဤအရာကိုအချစ်ဟုခေါ်သလား" ဇာတ်ကားကြီးနဲ့ ထူးချွန်ဆုရမယ်လို့ ခန့်မှန်းနေကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ