Entertainment: အရက်မူးပြီး ကားမောင်းလို့ တရားစွဲခံထားရတဲ့ တူလီဆာ

X Factor ဒိုင်ဟောင်း တူလီဆာဟာ ဒီတစ်ပတ်ထဲမှာ တရားခွင်ကို သွားရမှာပါ။

play

 

ဗြိတိသျှ အဆိုတော်မလေး တူလီဆာဟာ Ferrari ကားတစ်စီးကို မှောက်ပစ်လိုက်ပြီးတဲ့နောက် အရက်မူးပြီး ကားမောင်းမှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

play

 

အသက် ၂၇ နှစ်အရွယ် အဆိုတော်မလေးဟာ ယင်းအက်ဆီးဒင့်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်က အထိန်းသိမ်းခံထားခဲ့ရတယ်လို့ သိရပါတယ်။

တူလီဆာဟာ သူမရဲ့ ပေါင် ၁၅၀,၀၀၀ တန်တဲ့ Ferrari ကားနဲ့ သက်ကြီးရွယ်အိုစုံတွဲရဲ့ကားကို တိုက်လိုက်တဲ့အတွက် အန္တရာယ်ရှိစွာ မောင်းနှင်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

play

 

အဲဒီကားကို ယာဉ်တိုက်မှုမဖြစ်ခင် ရက်ပိုင်းအလိုကမှ တူလီဆာ စစီးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဧပြီလ ၄ ရက်မှာ သူမရဲ့အမှုကို အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

Source & Photos : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ