Entertainment: ဧပြီမှာ စောင့်ကြည့်ရမယ့် ရုပ်ရှင်ဇာတ်ကား (၉) ကား

ဧပြီလအတွင်း ကမ္ဘာတစ်ဝန်း ရုံတင်ပြသသွားမယ့် ဇာတ်ကားများအနက် ပရိသတ်အကြိုက်တွေ့နိုင်တဲ့ စောင့်ကြည့်ချင်စရာ ဇာတ်ကား (၉) ကားကို ဖော်ပြထားပါတယ်။

A Hologram for the King

၂၀၁၂ ခုနှစ်က ဖြန့်ချိခဲ့တဲ့ စာရေးဆရာ ဒေ့ဗ်အက်ဂါစ်ရဲ့ A Hologram for the King ဝထ္တုကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play


နာမည်ကြီး မင်းသား တွမ်ဟန့်က မအောင်မြင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ တွမ်ဟန့်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်တွေ စောင့်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အမေရိကန်မှာ ဧပြီ ၂၂ ရက်နဲ့ ဂျာမနီမှာ ဧပြီ ၂၈ ရက်မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Green Room

play


မျှော်လင့်မထားတဲ့ ဇာတ်လမ်းဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့အတူ စိတ်ဝင်စားဖွယ် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဧပြီ ၂၁ ရက်၊ ပြင်သစ်မှာ ဧပြီ ၂၇ ရက်နဲ့ အမေရိကန်မှာ ဧပြီ ၂၉ ရက်တို့မှာ ရုံတင်ပြသမှာပါ။

The Jungle Book

ဝါနာဘရာသားစ်က ရိုက်ကူးထုတ်လုပ်တဲ့ ကာတွန်းဇာတ်ကား ဖြစ်ပါတယ်။

play


နာမည်ကြီးတွေဖြစ်တဲ့ ခရစ္စတီယန်ဘေးလ်၊ ကိတ်ဘလန့်ခ်ျ၊ ဘင်နီဒစ် ကမ်ဘာဘတ်ခ်ျနဲ့ နာအိုမီ ဟာရစ်တို့က အသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ ကာတွန်းဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းပါ။ အမေရိကန်မှာ ဧပြီ ၁၅ ရက်နေ့မှာ ရုံတင်မှာ ဖြစ်ပါတယ်။

Everybody Wants Some!!

၁၉၈၀ ပြည့်နှစ် ကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ အားကစားနဲ့ အချစ်ဟာသ ဇာတ်ကားတစ်ကားပါ။

play


ကောလိပ်ကျောင်း ဘေ့စ်ဘော ကစားသမားတွေအကြောင်း ဟာသနှော ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမေရိကန်မှာ ဧပြီ ၈ ရက်၊ ဘရာဇီးမှာ ဧပြီ ၁၅ ရက်နဲ့ ပြင်သစ်မှာ ဧပြီ ၂၀ ရက်မှာ ရုံတင်ပြသမှာပါ။

A War (Krigen)

ဘော်စတွန်ဂလုပ် သတင်းဌာနက အကောင်းဆုံး စစ်ကားတစ်ကားအဖြစ် ညွှန်းထားတဲ့ ဇာတ်ကားပါ။

play


၂၀၁၆ ခုနှစ် နိုင်ငံခြား ဘာသာစကားပြော အော်စကာဆု ဆန်ခါတင်စာရင်းဝင် ဇာတ်ကာလည်း ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်စဉ် အရပ်သား ၁၁ ဦး သေဆုံးခဲ့မှုအတွက် တာဝန်ရှိကြောင်း စွဲချက်တင်ခံသူ ဒိန်းမတ် စစ်တပ်အရာရှိ တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။ နယ်သာလန်နိုင်ငံမှာ မတ်လ ၂၄ ရက်က ရုံတင်ပြသခဲ့ပြီး ဂျာမနီမှာ ဧပြီ ၁၄ ရက်မှာ ရုံတင်မှာ ဖြစ်ပါတယ်။

Keanu

ဂျော်ဒန် ပီးလီနဲ့ ကီးဂန် မိုက်ကယ်ကေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား ဖြစ်ပါတယ်။

play


သွက်သွက်လက်လက်နဲ့ ကြည့်ကောင်းမယ့် ဇာတ်ကားတစ်ကားပါပဲ။ သြစတြေလျမှာ ဧပြီ ၂၁ ရက်နဲ့ အမေရိကန်မှာ ဧပြီ ၂၉ ရက် တို့မှာ ရုံတင်မှာ ဖြစ်ပါတယ်။

Collide

မူရင်းနာမည် Autobahn ဖြစ်တဲ့ Collide ဇာတ်ကားမှာ နီကိုလက်စ် ဟော့တ်၊ ဖလစ်စတီး ဂျုံးစ်၊ အန်သိုနီ ဟော့ပ်ကင်းစ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

play


မူလက မင်းသား ဇက်အက်ဖရွန်နဲ့ အမ်ဘာဟတ်ဒ်တို့ ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ခဲ့ပြီးမှ အပြောင်းအလဲ ဖြစ်ခဲ့တာပါ။ အက်ရှင်ဇာတ်ကား နှစ်သက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အမေရိကန်မှာ ဧပြီ ၁ ရက်၊ ဖိလစ်ပိုင်မှာ ဧပြီ ၂၀ ရက်နဲ့ အာဂျင်တီးနားမှာ ဧပြီ ၂၈ ရက်တို့မှာ ရုံတင်ပြသမှာပါ။

Francofonia

၁၉၄၀ ပြည့်နှစ် ကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။

play


ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ပြတိုက်မှ အနုပညာလက်ရာတွေကို နာဇီတို့ ဖျက်ဆီးမယ့် အရေးကို ပြင်သစ်ပြတိုက် အရာရှိနဲ့ ဂျာမန်အရာရှိတို့ အတူပူးပေါင်း ကာကွယ်ခဲ့တဲ့ ဇာတ်လမ်းကောင်း ဖြစ်ပါတယ်။ အမေရိကန်မှာ ဧပြီ ၁ ရက်နဲ့ ပိုလန်မှာ ဧပြီ ၁၅ ရက်မှာ ရုံတင်ပြသမှာပါ။

Our Last Tango

play


အာဂျင်တီးနားရဲ့ ကမ္ဘာကျော် တန်ဂိုအက အလှတွေကိုပါ ခံစားကြည့်ရှုနိုင်တဲ့ ဒရာမာ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တန်ဂိုအက စုံတွဲရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ ဒိန်းမတ်မှာ ဧပြီ ၇ ရက်၊ အမေရိကန်မှာ ဧပြီ ၁၅ ရက် ရုံတင်ပြသမှာပါ။
Source & Photo: PR, Disney Enterprises, BBC, Paramount Pictures, Boston Globe

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ