Entertainment: အကယ်ဒမီပေးပွဲတက်မယ့် ကျော်သူ

အနုပညာအလုပ်များ ပြန်လည် လုပ်ဆောင်လာပြီဖြစ်တဲ့ ကျော်သူက ဒီနှစ် အကယ်ဒမီပေးပွဲကို တက်ရောက်ဖြစ်မယ်လို့ သိရပါတယ်။

play

 

၂၀၁၅ခုနှစ်ထဲမှာ "ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား"ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ ဦးကျော်သူကတော့ ဒီနှစ် အကယ်ဒမီတက်ရောက် ဖြစ်မယ်လို့ ဆိုပါတယ်။ အကယ်ဒမီစာရင်းဝင် ဇာတ်ကားကြီးထဲမှာ ပါဝင်ထားပေမယ့်လည်း အကယ်ဒမီအတွက် ရင်ခုန်မှုတော့ မရှိဘူးလို့ သူက ပြောပါတယ်။

play

 

‘‘ဒါက ရင်ခုန်စရာမဟုတ်ပါဘူး။ ကျွန်တော် ရင်ခုန်တာက ရေတူးနေတဲ့ ရွာတွေ ရေမထွက်မှာပဲ ရင်ခုန်တယ်’’လို့ သူက ဆိုပါတယ်။

play

 

အကယ်ဒမီပေးပွဲတက်ရောက်ဖြစ်တာကလည်း အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်နေပြီဖြစ်တာကြောင့် ကိုးနှစ်ခန့် မတက်ဖြစ်တဲ့ အကယ်ဒမီပေးပွဲကို ဒီနှစ်တက် ရောက်တာ ဖြစ်တယ်လို့ သိရပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ