Entertainment: ဆယ်လီနာဂိုးမက်ကို လက်လွှတ်ရလို့ ဂျက်စတင်ဘီဘာကြေကွဲပြ

မူယာမာယာတွေကတော့ သိပ်ကောင်းတဲ့လူပေါ့။

play

 

ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်တို့ ပြန်တွဲတော့မလို လူတိုင်းက မှတ်ချက်ပေးထင်မြင်နေကြချိန်မှာ မထင်မှတ်ဘဲ ဂျေဘီတစ်ယောက် အသည်းကွဲသွားရပြန်ပါပြီ။ ဆယ်လီနာအကြောင်းတွေကို အင်စတာဂရမ်ပေါ်တင်လိုက်၊ ဆယ်လီနာရဲ့ပုံတွေတင်တာနဲ့ ချက်ခြင်းဆိုသလို အပြေးအလွှားလေး like လုပ်နေတဲ့ ဂျေဘီက သူဒီိလို ကြုံလာရလိမ့်မယ်လို့လည်း ထင်ထားခဲ့ပုံမပေါ်ပါဘူး။

play
၂၀၁၅ နှစ်ကုန်ပိုင်းက အတူတွေ့ခဲ့ရတဲ့ ဆယ်လီနာနဲ့ ချာလီပွတ်သ်

 

ပြန်ပေါင်းထုပ်ဇာတ်လမ်းကို မျှော်လင့်နေချိန်မှာ ဆယ်လီနာက ချာလီပွတ်သ်နဲ့ တွဲသွားတွဲလာ လုပ်ပြလိုက်ပါတယ်။ ငရှုပ်လေး ဂျေဘီကို ဆယ်လီနာက အကွက်ချ ကစားပြခဲ့သလားပဲ။ အဆိုတော် ချာလီပွတ်သ်နဲ့ ဆယ်လီနာတို့ နွေရာသီမှာ ခရီးအတူသွားကြမယ်ဆိုတဲ့သတင်းကြောင့် ဂျေဘီခမျာ ဟန်မဆောင်နိုင် ဖြစ်ခဲ့ရပါတယ်။

play

 

အပေါ်ပိုင်းမှာ အင်္ကျီမဝတ်ဘဲ မှန်ရှေ့မှာ ဆယ်ဖီပုံတစ်ပုံရိုက်ပြီး "နောက်ဆုံးမှာတော့ အကြောင်းရင်းသုံးခုသာ ဖြစ်ခဲ့တာပဲ" လို့ဆိုပြီး ညှိုးငယ်နေတဲ့မျက်နှာနဲ့ ပုံတစ်ပုံကို အင်စတာဂရမ်ပေါ် တင်လိုက်ပါတော့တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ