Entertainment: တယောသင်တန်းဖွင့်မယ့် ဂျူးဂျူးကေ

တယော ဝါသနာရှင်တွေ အတွက် သူမက တယောသင်တန်းဖွင့်ပေးမယ်လို့ သိရပါတယ်။

play

 

မိသားစု တယောအဖွဲ့ဖြစ်တဲ့ Tri တယောနဲ့ ဖျော်ဖြေပေးလျက်ရှိတဲ့ သူမက တယောဝါသနာရှင်များအတွက် တယောတီးသင်တန်းဖွင့်မယ်လို့ ဆိုပါတယ်။

play

 

"မြန်မာနိုင်ငံမှာလည်း အခုနောက်ပိုင်းမှာ ပြည်တွင်း ပြိုင်ပွဲတွေတင်  မဟုတ်ဘူး ပြည်ပပြိုင်ပွဲတွေက အရင်က ထက်ပိုများလာတယ်။ ပြည်ပမှာ သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ်တွေအနေနဲ့ Talent တစ်ခုခု တက်မြောက်ထားဖို့လိုအပ်တယ်။ တစ်ပွဲတိုးသင်လို့မကောင်းဘူးလေ။ အဲ့ဒါကြောင့် ဝါသနာပါတဲ့လူတွေအတွက် တယာအခြေခံ သင်တန်းဖွင့်ဖို့ ဆုံးဖြတ်လိုက်တာပါ"လို့ သူမက ပြောပါတယ်။

play

 

အဲ့ဒီသင်တန်းကြောင်းကို သင်္ကြန်အပြီး ဧပြီလ(၂၇)ရက်လောက်မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပြီးတော့ မတင်မိုးလွင်နဲ့ အတူ ပူးပေါင်း ဖွင့်လှစ်သွားမှာ ဖြစ်တာကြောင့် စိတ်ဝင်စားသူများအနေနဲ့ Talents&Model အေဂျင်စီကို ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

Source : ပြည်မြန်မာ သတင်းစာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ