Entertainment: နာမည်ပြောင်းလိုက်တဲ့ အိုင်ရင်းဇင်မာမြင့်

ဧပြီလ (၈) ရက်နေ့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲအတွက် သူမက နာမည်ပြောင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ကမ္ဘာကျော် အဆိုတော်သုံးဦးနဲ့အတူ ပူးပေါင်းဖျော်ဖြေရမယ့် အိုင်ရင်းဇင်မာမြင့်ကတော့ ရင်ခုန်နေပါတယ်လို့ဆိုပါတယ်။ သူမရဲ့ နာမည်ကိုလည်း အဲ့ဒီဖျော်ဖြေပွဲအတွက်  အိုင်ရင်းဇင်မြင့်လို့ စီစဉ်သူ ကိုဂျော်မရမ်က ပြောင်းပေးထားတယ်လို့ ပြောပါတယ်။

play

 

"အိုင်ရင်းရဲ့နာမည်က ခေါ်ရတာ ရှည်နေလို့ ထင်တယ်။အဲ့ဒါနဲ့ အိုင်ရင်းဇင်မြင့်လို့ ပြောင်းထားပါတယ်။ ကမ္ဘာကျော်တွေနဲ့ အတူ ဖျော်ဖြေခွင့်ရလို့ ပျော်ပါတယ်။ ရင်တွေလည်း ခုန်နေတယ်။ ပရိသတ်တွေလည်း အိုင်ရင်းနဲ့ အတူတူဝမ်းသာမယ်လို့ ထင်ပါတယ်။အားပေးမယ်လို့လည်း ယုံကြည်ပါတယ်။"လို့ သူမက ဆိုပါတယ်။

play

 

ဧပြီလ (၈) ရက်နေ့မှာ ပြုလုပ်မယ့် Voice of Angels ဖျော်ဖြေပွဲကြီးကို ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ် Pool Side မှာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ