Entertainment: အကယ်ဒမီ အတွက် ဘယ်သူတွေ ရင်ခုန်နေလဲ

၂၀၁၅ ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကား ခုနစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေတွေရဲ့ အကယ်ဒမီ ရင်ခုန်သံတွေကို ဖော်ပြလိုက်ပါတယ်။

  play


လာမယ့် ဧပြီလ ၃ ရက်နေရက်နေ့ ညနေ ၅ နာရီအချိန် ရန်ကုန်မြို့ Myanmar Event Park မှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကို ကျင်းပတော့မှာပါ။ ၂၀၁၄ နဲ့ ၂၀၁၅ နှစ်နှစ်စာပေါင်းပြီးလုပ်မယ့် ဒီထူးချွန်ဆုပေးပွဲက ရုပ်ရှင်အနုပညာရှင်တွေအတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်မယ့် ပွဲလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် ၂၀၁၅ ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ကား ခုနစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေတွေရဲ့ အကယ်ဒမီ ရင်ခုန်သံတွေကို ဒီမိုကရေစီတူဒေးသတင်းစာကနေ ထုတ်နုတ် ဖော်ပြလိုက်ပါတယ်။

play

 

ဒါရိုက်တာ ဝိုင်း

"ဒီနှစ်က အကယ်ဒမီ နှစ်နှစ်ပေါင်းပေးမှာဆိုတော့ အကယ်ဒမီစာရင်းဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း အများကြီးဖြစ်တယ်။ ၂၀၁၄ ထက်စာရင်တော့ ၂၀၁၅ ခုနှစ်အတွက်ကို ပိုပြီး တော့ စိတ်ဝင်စားတယ်။ ကျွန်တော့်အနေနဲ့ဆိုရင်တော့ တကယ်ကြိုးစားပြီးတော့ အရည်အချင်းရှိတဲ့သူကို အကယ်ဒမီ ရစေချင်ပါတယ်"

နေမင်း

"အမှန်အတိုင်းပြောရရင် အဲဒီဇာတ်ကားမှာ ကျွန် တော့်အတွက် အကယ်ဒမီရ စရာနေရာ မရှိဘူးဗျာ။ အရမ်းကံကောင်းလွန်းရင်တောင် ဇာတ်ပို့ လောက်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော့်ဘက်ကတော့ ဘာကိုမှ မမျှော်လင့်ထားပါဘူး။ တကယ်တမ်း မင်္ဂလာလှည်း ရုပ်ရှင်ဇာတ်ကားမှာ ဆိုရင်တော့ မကြီးစိုးကို အကယ်ဒမီရစေချင်တယ်"

ခင်လှိုင်

" ဒီနှစ်အကယ်ဒမီပေးပွဲတက်ဖြစ်မယ်။ ကိုယ်တိုင် အတွက်ကတော့ အကယ်ဒမီ ရဖို့မရဖို့ကို ရင်မခုန်ပါဘူး။ အနုပညာအလုပ်မှာ တကယ်ကို ၀ါသနာကြီးပြီးတော့ တကယ်ကိုအရည်အချင်းရှိတဲ့ မဂွမ်းလေးကိုတော့ ရစေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်မှာဆိုရင် မဂွမ်းလေး ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ် ကား တစ်ကား က အကယ်ဒမီစာရင်းဝင်တယ်လေ"

သက်မွန်မြင့်

" အကယ်ဒမီကို မမျှော်လင့်ထားပါဘူး။ ပရိသတ်တွေက သက်မွန်ကို ချစ်တဲ့စိတ်နဲ့ အကယ်ဒမီမှန်းပေး တာကိုတော့ ကျေးဇူးတင်တယ်။ နားလည်ပေမယ့်လည်း အကယ်ဒမီမှန်းထားပြီးတော့ တကယ်တမ်းကျတော့ အရမ်းကိုပင်ပန်းတဲ့အတွက် အကယ်ဒမီကို မျှော်လင့်တဲ့ စိတ် လုံးဝကို စိတ်ထဲမထည့်ထားတော့ဘူး"

play

 

ဖွေးဖွေး

"အကယ်ဒမီရင်ခုန်သံဆိုရင်တော့ အခု အကယ်ဒမီပေးပွဲလုပ်ဖို့က ရက်ပိုင်းပဲ ကျန်တော့တာဆိုတော့ ရင်ခုန်တယ်။ ဖွေးကို ၀ိုင်းပြီးတော့ အကယ်ဒမီမှန်းပေး ကြတဲ့ ပရိသတ်တွေကိုလည်း ဖွေးက ကျေးဇူးတင်ပါတယ်။ ဒီနှစ်က အကယ်ဒမီက နှစ်နှစ် စာပေါင်းပေး မှာဆိုတော့ စင်ပေါ်မှာ အကယ်ဒမီဆုရှင်တွေ အများကြီးကိုမြင်တွေ့ ရမှာပေါ့"

ယွန်းယွန်း

"ယွန်းယွန်း ဒီနှစ်အကယ်ဒမီပေးပွဲကို တက်ဖြစ်မှာပါ။ ဒီနှစ်က အကယ်ဒမီ ကို နှစ်နှစ်ပေါင်းပေးမယ်ဆိုတာကိုတော့ ယွန်းယွန်းသိပါတယ်။ အထူးဆုပါ မယ်လို့လည်း ကြားပါတယ်။ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေက အကယ်ဒမီမှန်းပေးကြတာကို ယွန်းယွန်းက အရမ်းကိုကျေးဇူး တင်ပါတယ်။ "

Source : DemocracyToday‬

Photo   : myanmar cele,ygnnews,7day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ