Entertainment: နှစ်ရက်ကြာကျင်းပသွားမယ့် ဆပ်ကပ်ပွဲတော်

နိုင်ငံတကာ ဆပ်ကပ်နေ့အထိမ်းအမှတ် ဆပ်ကပ်ပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

ဆပ်ကပ်ပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်ဂလယ်ရီမှာ ဧပြီနှစ်ရက်နေ့နှင့် သုံးရက်နေ့ နှစ်ရက်ဆက်တိုက် ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆပ်ကပ်ကစားနည်းသင်တန်းများကိုလည်း နေ့လည်နှစ်ရာရီတစ်ချိန်၊ မီးဆပ်ကပ်ကစားနည်းကို ညနေခြောက်နာရီတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

play

 

ဆိုရှယ် ဆပ်ကပ်အကြောင်းများအား ကမ္ဘာနှင့်တစ်ဝန်းအသိပေးခြင်းကို မြှင့်တင်နိုင်ရန် ဧပြီနှစ်ရက်နေ့ကို နိုင်ငံတကာ ဆိုရှယ်ဆပ်ကပ်နေ့အဖြစ်သတ်မှတ်ထားခြင်း ဖြစ်ပြီး မသန်းစွမ်းသူများ၊ ကလေးငယ်များအား ဆပ်ကပ်ကစားနည်းများကိုလည်း သင်ပေးသွားရန် စီစဉ်ထားတယ်လို့ ရန်ကုန်ဆိုရှယ်ဆပ်ကပ်အဖွဲ့မှ သိရပါတယ်။

Source : ပြည်မြန်မာ သတင်းစာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ