Entertainment: လူမျိုးရေး မခွဲခြားတဲ့ နှင်းဆီဖောင်ဒေးရှင်းရဲ့ အလှူ

နှင်းဆီဖောင်ဒေးရှင်းအဖွဲ့ရဲ့ နောက်ထပ်အလှူတစ်ခုအနေနဲ့ ရွှေနှလုံးသား မိဘမဲ့ ခရစ်ယာန်အသင်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

သြစတြေးလျနိုင်ငံမှာကလို့ ရတဲ့ အမြတ်ငွေများနဲ့ အခြားအလှူရှင်များ၏ အလှူငွေများကို စုပေါင်းကာ ပြင်ဦးလွင် မြို့ရှိ ရွှေနှလုံးသားမိဘမဲ့ ခရစ်ယာန်ကျောင်းကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဦးမျိုးမင်းနဲ့မိတ်ဆွေဖြစ်သူ အဲလစ်က  ကားတစ်စီး၊ ဝေဠုကျော် နှင့် အေးမြတ်သူ တို့မှ ငွေကျပ်ငါးသိန်းတိတိကို မိဘမဲ့ကလေးငယ်များအတွက် ငွေပဒေသဘင်ကိုလှူ ဒါန်းခဲ့တယ်လို့ ဦးမျိုးမင်းရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားပါတယ်။

play

 

"ကျွန်တော်တို့ လူမျိုး ဘာသာ မခွဲခြားဘူး။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ မည်သည့် ပြည်သူ ပြည်သားဖြစ်စေ ဒုက္ခရောက်သူ အားနည်းသူတွေကို ကူညီကြမယ်ဆိုတဲ့ မူနဲ့ ကျွန်တော်တို့ကူညီကြပါတယ်။"လို့ ဆိုပါတယ်။

play

 

အဲ့ဒီလှူဒါန်းမှုမှာတော့ ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်တော်ထံ ဝတ်ပြုရင်း ခရစ်ယာန်ဘာသာအတိုင်း ကလေးတွေအတွက် ဆုတောင်းပေးခဲ့တယ်လို့ ဦးမျိုးက ပြောပြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ