Entertainment: အတူအိပ်နေကြတဲ့ စကော့တ်ဒစ်ဆစ်နဲ့ ကန်ဒဲလ်ဂျန်နာကို ကော့တနီဖမ်းမိ

ကော့တနီကာဒါရှီယန်က သူတို့နှစ်ဦး အတူအိပ်နေတာကို တွေ့သွားတာပါ။

play

 

ဧပြီ ၁ ရက်နေ့မှာ ကော့တနီကာဒါရှီယန်က သူမရဲ့ ညီမငယ် ကန်ဒဲလ်ကို လိုက်ရှာစဉ်မှာ ခင်ပွန်း စကတော့တ်ဒစ်ဆစ်နဲ့ အခန်းထဲမှာ အတူအိပ်တာကို တွေ့ရှိခဲ့ရတာပါ။

play

 

ကော့တနီတစ်ယောက် လက်ကိုင် ဗီဒီယိုလေးကိုင်ပြီး ညီမငယ်ကို လိုက်ရှာနေခဲ့တာပါ။ ကိုင်လီဂျန်နာကိုတွေ့တော့ ကန်ဒဲလ်ဘယ်မှာလဲလို့ မေးတယ်။ ကိုင်လီက "ခုနကပဲ ဟိုနားမှာ သူ့ကိုတွေ့တယ်" ဆိုပြီး အိပ်ခန်းတစ်ခုကို လက်ညှိုးထိုပြတယ်။

play

 

ကော့တနီက လိုက်သွားတဲ့အချိန်မှာ ကန်ဒဲလ်က စကော့တ်နဲ့အတူ အိပ်နေတာကို တွေ့လိုက်ရပါတော့တယ်။

ကော့တနီက စကော့တ်ကို "နင်က တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။ နင်လုပ်တာ ပုံမလာဘူး။ ဘာဖြစ်နေတာလဲ" လို့ နောက်ကလိုက်ပြီး အော်တယ်။

"ငါက ဘာတွေ ပုံမလာလို့လဲ" လို့ စကော့က ပြန်အော်ရင်း နောက်တစ်ခွန်း ပြောလိုက်တာက "APRIL FOOLS" တဲ့။

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ