Entertainment: အဒဲလ်ကို ကျော်တက်သွားတဲ့ ဇေးမောလစ်ခ်

ဇေးမောလစ်ခ်ရဲ့ Mind of Mine အယ်လ်ဘမ်ဟာ ယူကေရဲ့ တစ်ပတ်တာ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။

 

ဇေးမောလစ်ခ်ရဲ့ အယ်လ်ဘမ်သစ်ရဲ့ တစ်ပတ်အတွင်းရောင်းအားဟာ အဒဲလ်ရဲ့ 25 အယ်လ်ဘမ်ရောင်းအားထက် ၄,၀၀၀ ကျော် ပိုများသွားခဲ့ပါတယ်။

One Direction အဆိုတော်ဟောင်း ဇေးရဲ့ Mind Of Mine တစ်ကိုယ်တော် အယ်လ်ဘမ်ဟာ နာမည်အရ အောင်မြင်ထားပြီးဖြစ်သလို အခု ဈေးကွက်အရပါ အောင်မြင်နေပုံပါပဲ။ အခုဆိုရင် အဲဒီအယ်လ်ဘမ်က အဒဲလ်ရဲ့ တတိယအယ်လ်ဘမ် 25 ကို ကျော်တက်ပြီး နံပါတ်တစ်နေရာကို ရရှိသွားတာပါ။

play

 

"တစ်ကိုယ်တော်အဆိုတော်အနေနဲ့ အောင်မြင်အောင် လုပ်နိုင်တာ ကိုယ့်ကိုကိုယ် မယုံနိုင်ဘူး" လို့ ဇေးက ပြောခဲ့ပါတယ်။

play

 

ယူကေရဲ့ တစ်ပတ်တာ ရောင်းအားအကောင်းဆုံး စာရင်းမှာ ဂျိုးဘွန်နမ်မက်ဆာရဲ့ Blues of Desperation က တတိယနေရာ၊ ဘက်ဒီရဲ့ Beautiful Lies က စတုတ္ထနေရာနဲ့ ဂျက်စတင်ဘီဘာရဲ့ Purpose က ပဉ္စမနေရာတို့မှာ ရှိနေပါတယ်။

Source & Photos : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ