Entertainment: လီယိုနာဒိုကို ပြည်ဝင်ခွင့်ပိတ်မယ်လို့ အင်ဒိုအစိုးရခြိမ်းခြောက်

နိုင်ငံစီးပွားရေး ထိခိုက်စေမယ့်စကားတွေ မပြောဖို့လည်း သတိပေးတားမြစ်လိုက်ပါတယ်။

play

 

မင်းသားကြီး လီယိုနာဒို ဒီကတ်ပရီယိုကို ပြည်ဝင်ခွင့် ပိတ်ပစ်မယ်လို့ အင်ဒိုနီးရှားရဲ့ လူဝင်မှုကြီးကြပ်ရေးက ခြိမ်းခြောက်လိုက်ပါတယ်။

ဆီထုတ်လုပ်ရေးစက်ရုံတွေဟာ နိုင်ငံရဲ့ သစ်တောတွေကို ဖျက်စီးနေရာရောက်ကြောင်း မှတ်ချက်ပေးအပြီးမှာ ခုလိုခြိမ်းခြောက်သတိပေးလိုက်တာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ ဆီအုန်းထုတ်လုပ်ရေးနဲ့ ဝင်ငွေများစွာ ရရှိနေတာဖြစ်ပြီး နိုင်ငံရဲ့ အဓိကစီးပွားရေးတစ်ခုလည်းဖြစ်ပါတယ်။

play

 

လီယိုနာဒိုယာ ဆူမားတြားမြောက်ပိုင်းနယ်စပ်ကို သွားရောက်လည်ပတ်ပြီးနောက်မှာ ဆီအုန်းထုတ်လုပ်ရေးဟာ သစ်တောတွေကို ပျက်စီးစေနိုင်တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြလိုက်တာပါ။ ဆီအုန်းထုတ်လုပ်ရေးကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတွေအပေါ် သူ့ရဲ့အမြင်တွေကို အင်စတာဂရမ်ပေါ်က မှတ်ချက်ပေး ရေးသားမှုခဲ့တာဖြစ်ပါတယ်။

Source : Bangkok Post

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ