Entertainment: ခင်ပွန်းနဲ့ ကွာရှင်းတော့မယ့် ဒရူဘယ်ရီမိုး

သူတို့နှစ်ဦး ကွာရှင်းတော့မယ့်အကြောင်းကို လာမယ့် လအတွင်း အသီးသီး ကြေညာသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

play


နာမည်ကြီး ဟောလိဝုဒ်မင်းသမီး ဒရူဘယ်ရီမိုးနဲ့ ခင်ပွန်ဖြစ်သူ ဝီလ် ကိုပဲလ်မန်းတို့ ကွာရှင်းတော့မယ်လို့ သူတို့နှစ်ဦးနဲ့ နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားပါတယ်။

play


ဒရူဘယ်ရီနဲ့ ဝီလ်တို့ဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ကလေးနှစ်ဦး ရှိပါတယ်။ သူတို့နှစ်ဦးဟာ မိသားစုနေထိုင်တဲ့ နေရာအပါအဝင် အကြောင်းကိစ္စတွေမှာ အငြင်းပွား အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

play


ဒရူဘယ်ရီက လော့စ်အိန်ဂျလိစ်မှာ နေထိုင်လိုပြီး ခင်ပွန်းဖြစ်သူ ဝီလ်က နယူးယော့ခ်မှာ နေထိုင်ချင်ပါတယ်။ သူတို့မိသားစုဟာ လက်ရှိမှာ နယူးယော့ခ်မှာ နေထိုင်ကြတာပါ။ သူတို့နှစ်ဦး ကွာရှင်းတော့မယ့်အကြောင်းကို လာမယ့် လအတွင်း အသီးသီး ကြေညာသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

play


ဒရူဘယ်ရီနဲ့ ဝီလ်တို့ဟာ လက်ရှိမှာ သီးခြားစီ နေထိုင်လျက်ရှိပါတယ်။ မင်းသမီး ဒရူဘယ်ရီက ဝီလ်နဲ့ လက်မထပ်မီ ဂျရမီသောမတ်စ်၊ တွမ်ဂရင်းတို့နဲ့ လက်ထပ်ခဲ့ဖူးပြီး ကွာရှင်းခဲ့ပါတယ်။
Source & Photo: People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ