Entertainment: မော်ဒယ်လေးတစ်ယောက်နဲ့ တွဲနေပြန်တဲ့ ဆယ်လီနာ

ဆယ်လီနာတစ်ယောက် မော်ဒယ်ချောချောလေးတစ်ယောက်နဲ့ လက်ချင်းချိတ်ပြီးသွားနေတာကို တွေ့ရတာပါ။

play

 

ဆယ်လီနာဂိုးက်ဇ်ဟာ ဒီရက်ပိုင်းလေးအတွင်းမှာပဲ ဂျက်စတင်ဘီဘာနဲ့ ပြန်အဆင်ပြေတော့မယောင် ဖြစ်နေပြီး အဆိုတော် ချာလီပွတ်သ်နဲ့လည်း ချိတ်တိတ်တိတ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။

play

 

အခုတော့ ဆယ်လီနာက အားလုံးကို မျက်စိလည်အောင် လုပ်လိုက်ပြန်ပါပြီ။

ဆယ်လီနာကို မတ်လ ၃၁ ရက်က မော်ဒယ်လေးတစ်ယောက်နဲ့ လက်ချင်းတွဲသွားတာကို မြင်တွေ့လိုက်ရတာပါ။

play

 

ဆယ်လီနာဟာ ဆမ်မြူရယ်ခရော့စ်ဆိုတဲ့ ကောင်လေးနဲ့ လက်ချောင်းတွေ ယှက်နွယ်လို့ တင်းတင်းဆုပ်ထားရင်း လော့ဆန်းဂျလိစ်က Roxy ကပွဲရုံထဲက ထွက်လာခဲ့ပါတယ်။

ဆယ်လီနာနဲ့ ဆယ်မြူရယ်ဟာ နဂိုကတည်းက အသံတွေ ထွက်ဖူးပေမဲ့ သူတို့နှစ်ယောက် ချစ်ကြိုက်နေတယ်လို့တော့ တစ်ခါမှ အတည်မပြုခဲ့ဖူးပါဘူး။

play
ဆယ်လီနာနဲ့ ချာလီပွတ်သ်

 

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း နယူးယော့ခ်မှာ သူတို့နှစ်ယောက် စားသောက်ဆိုင်ထိုင်ရင်း ဆယ်လီနာက ဆန်မြူရယ်ရဲ့ ပေါင်ပေါ်ထိုင်နေခဲ့ဖူးပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ