Entertainment: ဒါရိုက်တာဝိုင်းနဲ့ ရုပ်ရှင်ရိုက်မယ့် အလင်းရောင်

အလင်းရောင်ရဲ့ တတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးကို မေလထဲမှာ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

play

 

သုံးပွင့်ဆိုင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားကို အလင်းရောင်က ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကို မေလထဲမှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

နာမည်ကြီး သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ရမယ့် အတွက် ရင်ခုန်နေတယ်လို့ သူက ဆိုပါတယ်။

play

 

"ကျွန်​​တော်​နဲ့ တွဲပြီး​တော့ သရုပ်​​ဆောင်​ရမယ့်​ အနုပညာရှင်​​တွေက တစ်​ကယ့်​ကို ပညာရှင်​ကြီး​တွေ၊ ကားရိုက်​အ​တွေ့အကြုံ  အများကြီးရှိတဲ့ လူဆို​တော့ ကျွန်​​တော့​ကြောင့်​ ရိုက်​ကွင်းမှာ တစ်​ခုခုဖြစ်​ပြီး လွဲ​ချော်သွားမယ်​။ ဆိုးကျိုး တစ်​ခုခုဖြစ်​သွားမယ်​။ အဲ့ဒါကို​တော့ ကျွန်​​တော်​အရမ်း ​ကြောက်​တယ်​။ စိုးလည်း စိုးရိမ်​တယ်​။ မဖြစ်​​အောင်​​တော့ ကျွန်​​တော်​ကြိုးစားသွားမှာ ပါ ၊ ဒီကား​လေး ထွက်​လာရင်​လည်း အား​ပေးကြပါ"လို့ အလင်းရောင်က ဆိုပါတယ်။

play

 

အဲ့ဒီဇာတ်ကားကြီးကို 3 Girl လို့ နာမည်ပေးထားပြီး ဖွေးဖွေး၊ အိချောပို၊ ပိုင်ဖြိုးသု တို့ပါဝင်ကာ ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ