Entertainment: မကြာခင်မင်္ဂလာပွဲကျင်းပတော့မယ့် လိုင်လာခန်း

မြန်မာဇာတ်ကားတွေကို ဆက်ပြီး ရိုက်ကူးသွားအုံးမှာပါလို့ ဆိုပါတယ်။

play

 

လိုင်လာခန်းရဲ့ မင်္ဂလာသတင်းကတော့ မကြာခင် ကြားရတော့မှာ ဖြစ်ပါတယ်။ မကြာသေးခင်က စေ့စပ်ပွဲ ကျင်းပခဲ့တဲ့ လိုင်လာခန်းက မင်္ဂလာပွဲကို ဒီနှစ်ထဲမှာ လုပ်ဖြစ်မယ်လို့ ပြောပါတယ်။

play

 

"မင်္ဂလာပွဲကတော့ ဒီနှစ်ထဲမှာ ကျင်းပဖြစ်မယ် ထင်တယ်။ အမျိုးသားနဲ့တော့ တိုင်ပင်ရအုံးမှာပါ။ လိုင်လာရဲ့ အနုပညာအလုပ်တွေကို သူနဲ့ စတွေ့ကတည်းက ဘောလိဝုဒ်မှာ ဇာတ်ကားရိုက်ကူးတာတွေ ရပ်လိုက်ရတယ်။ မြန်မာဇာတ်ကားတွေ ဆက်ရိုက်ဖို့ကတော့ သူက ခွင့်ပြုထားပါတယ်"လို့ သူမက ဆိုပါတယ်။

play

 

မြန်မာဇာတ်ကားတွေက မိသားစုထိုင်ကြည့်ရင်တောင် ကြည့်လို့ သင့်တဲ့ ဇာတ်ကားတွေ ဖြစ်တာမို့ သူမရဲ့ ချစ်သူက ရိုက်ကူးဖို့ ခွင့်ပြုထားတာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ