Entertainment: ရာဘာဝတ်စုံဝတ်ပြီး ဂျေဇီးမပါဘဲ ပွဲတက်လာတဲ့ ဘီယွန်းဆေး

အခြားဆယ်လီတွေက စုံတွဲလိုက် ပွဲတက်လာချိန်မှာ ဘီယွန်းဆေးကတော့ တစ်ယောက်တည်းပါပဲ။

play

 

ခင်ပွန်းဖြစ်သူ ဂျေဇီးနဲ့ ကွဲတော့မလို သတင်းတွေထွက်နေတဲ့ ဘီယွန်းဆေးက ဒီနှစ် Met Gala ပွဲကိုလည်း တစ်ကိုယ်တော်ပဲ ရောက်လာပါတယ်။ မနှစ်ကတုန်းကလည်း တစ်ကိုယ်လုံးနီးပါးမြင်ရတဲ့ ကျောက်စီဝတ်စုံကြောင့် နာမည်ကျော်ခဲ့သလို ဒီနှစ်ဝတ်စုံကလည်း လူကြည့်တာအတော်ခံရမယ့် ဝတ်စုံပါ။

play

play

 

ရာဘာနဲ့ ပြုလုပ်ထားတဲ့ ခပ်ကျပ်ကျပ်ဂါဝန်ရှည်ကို ဝတ်ဆင်လာတဲ့ ဘီယွန်းဆေးက ဆံပင်ရှည်တွေကိုပါ ဖြန့်ချထားပြီး မဟာဆန်တဲ့အသွင်ကို စိတ်ကူးခဲ့ပုံပါပဲ။ မိတ်ကပ်အရောင်က ခပ်မှိန်မှိန်၊ ဝတ်စုံကလည်း တောက်တောက်ပပမရှိတော့ တွက်ကိန်းလွဲသွားတော့တာပါပဲ။ အချို့ဆိုရင် သူမရဲ့ဝတ်စုံက ဒီနှစ် Met Gala ရဲ့ အဆိုးဆုံးဝတ်စုံစာရင်းမှာတောင် ထည့်သွင်းနေကြပါတယ်။

Source & Photo : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ