Entertainment: ရင်သားနဲ့တင်ပါးတွေပဲ ဖော်ထားတဲ့ မက်ဒေါနားရဲ့ဝတ်စုံ

ဂွမ်းဖက်ရှင်တစ်ခုလို့ လူတွေက ဝေဖန်ကြပါတယ်။

play

 

သူ့ထက်ငါ အပြိုင်အဆိုင် လှအောင်ပြင်ဆင်နေကြချိန်မှာ ပေါ့ပ်ဘုရင်မကြီး မက်ဒေါနားကတော့ အရှက်အကြောက် ကင်းမဲ့စွာနဲ့ ခပ်ဆိုးဆိုးဝတ်စုံကို ဝတ်လာပါတယ်။

play

 

Met Gala ပွဲတက်ဝတ်စုံတွေထဲမှာ အဂွမ်းဆုံးဝတ်စုံပိုင်ရှင်ဆုကို ပေးမယ်ဆို မက်ဒေါနားရဲ့ဝတ်စုံလည်း ရလောက်မှာပါ။ အနက်ရောင် ဇာဝတ်စုံအောက်မှာ အသားအရေကို အတိုင်းသားမြင်နေရတာထက် ရင်သားနှစ်ခုနဲ့ တင်ပါးတွေကို ကွက်ပြီးဖော်ထားတာ စိတ်ပျက်စရာကောင်းလွန်းပါတယ်။

play

 

ဒူးဖုံးအောင်ရှည်တဲ့ အနက်ရောင်ဖိနပ်၊ ပေါင်နဲ့လက်မောင်းကို တုပ်နှောင်ထားတဲ့ ကြိုးရှုပ်ရှုပ်တွေဟာ မက်ဒေါနားကို ရှိရင်းစွဲအသက်ထက်တောင် ပိုရင့်ရော်စေသလိုပါပဲ။ ဒါ့ပြင် ပွဲမတက်မီကလည်း ပေါင်ဖြဲပြီးထိုင်နေပုံကို အင်စတာဂရမ်မှာ ညစ်ညမ်းစာသားတွေနဲ့ တင်ခဲ့ပါသေးတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ