Entertainment: နောက်ကျောပြောင်ဝတ်စုံနဲ့ အမ်မလီရာတာကောင်းစကီး

ဆက်စီမော်ဒယ် အမ်မလီက ဒီပွဲမှာတော့ ကျက်သရေရှိနေတာ တွေ့ရမှာပါ။

play

 

ရှားရှားပါးပါး မြင်ရတဲ့အလှကို အမ်မလီ ရာတာကောင်းစကီးထံမှာ မြင်လိုက်ရပါတယ်။ Met Gala ပွဲကို တက်လာတဲ့ ဆက်စီမော်ဒယ်လေးက ဒီတစ်ကြိမ်မှာတော့ ကျော့ရှင်းတဲ့ဝတ်စုံကို ဆင်မြန်းလာတာပါ။

play

 

ဖော်ချွတ်နဲ့ ကိုယ်လုံးတီးပုံတွေ မကြာခဏ တင်လေ့ရှိတဲ့ အမ်မလီရဲ့ ပွဲတက်ဂါဝန်ရှည်က အဖြူ၊အနက် ပေါင်းစပ်ထားတဲ့ ဝတ်စုံပါ။ ဒါပေမဲ့ ဆက်စီမော်ဒယ်ပီပီ ကျောနဲ့ ပေါင်ကိုတော့ လှစ်ဟပြသထားတာလည်း တွေ့ရပါတယ်။

play

 

နောက်ကျောတစ်ခုလုံးမှာ ဇာပါးပါးလေးသာ ပါတာကြောင့် ကျောကနေ ခါးအထိ အတိုင်းသား မြင်နေရတဲ့အပြင် ပေါင်တံကနေ ခြေဖျားအထိ ဘယ်ဘက်တစ်ခြမ်းလုံးကိုလည်း ဖော်ထားပါတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်း တစ်ခုမှမပါဘဲ နားဆွဲကြီးကြီးတစ်ခုသာ ဝတ်လာတဲ့ အမ်မလီက ဒီပွဲမှာတော့ ကျက်သရေရှိနေတာ တွေ့ရမှာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ