Entertainment: အနုပညာကြေးတွေ စုထားလေ့ရှိတဲ့ မေခလာ

အလှူအတန်းတွေ ပြုလုပ်နိုင်အောင် အနုပညာကြေးထဲက ၁၀ပုံ သုံးပုံကို စုထားလေ့ရှိတယ်လို့ ဆိုပါတယ်။

play

 

မွေးနေ့အလှူအတွက် ၅၃သိန်းလှူခဲ့တဲ့ သူမက ဒီလိုမျိုး အလှူအတန်းတွေ လုပ်နိုင်အောင် အနုပညာကြေးထဲက ငွေကြေးတချို့ကို စုထားလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ငွေကြေးစုထားတဲ့အတွက် အချိန်မရွေး လှူဒါန်းနိုင်တယ်လို့ သူမက ပြောပြပါတယ်။

play

 

"ချစ်ငယ် အနုပညာကြေးရဲ့ ၁၀ ပုံ သုံးပုံကို အမြဲချန်ထားတယ်။ အဲဒါကြောင့် အချိန်မရွေး လှူနိုင် ပါတယ်။ အဲဒါကလည်း ပြည်သူ့ ထံမှ ပြည်သူ့ထံသို့ပါပဲ။ ချစ်ငယ် တစ်ယောက်တည်း အလှူမဟုတ်ပါဘူး။ သူတို့က ချစ်ငယ်ကို ချစ် လို့ပေးတာ။ အဲဒီတော့ ချစ်ငယ် ကလည်း မွေးနေ့တွေမှာ၊ အခါကြီး ရက်ကြီးတွေမှာ နောက်ပြီး လမ်းသွားရင်းလာရင်း ကုသိုလ်တွေ ပြုပေးတယ်’’လို့ သူမက ဆိုပါတယ်။

play

 

ရှိုးပွဲတွေမှာ ဆုချတဲ့ အကြွေလေးတွေဆိုလည်း ဘုရားအလှူခံပုံးတွေမှာ ထည့်ပေးဖြစ်တယ်လို့ သူမက ပြောပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ