Entertainment: မေလမှာ ဖြန့်ချိမယ့် မာရဇ္ဇရဲ့ တစ်ကိုယ်တော်အခွေ

, updated

အခွေနာမည်ကိုတော့ "အချိန်အခါ"လို့ပေးထားတယ်လို့ သိရပါတယ်။

play

 

ရော့ခ်သီချင်း ၁၁ ပုဒ်ပါဝင်ပြီးတော့ ကိုယ်ပိုင်သံစဉ်တွေချည်း ပါဝင်မယ့် မာရဇ္ဇရဲ့ တစ်ကိုယ်တော်အခွေကို မေလ နောက်ဆုံးပတ်မှာဖြန့်ချိမယ်လို့ သိရပါတယ်။

သီချင်း ၁၁ပုဒ်လုံးကိုယ်တိုင်ရေးသားထားပြီးတော့ သူဆိုနေကျ ရော့ခ်သီချင်းပုံစံများသာ ပါဝင်မယ်လို့ ဆိုပါတယ်။

play

 

‘‘ရော့ခ်ခေါင်းစဉ်အောက်က အပြင်ကို ထွက်သွားတဲ့ သီချင်း တစ်ပုဒ်မှ မပါဘူး။ အကြောင်းအရာကတော့ ထုံးစံအတိုင်း အချစ်ရော၊ ဘ၀ရော၊ ဒဿနရောပါမှာ ပေါ့။ သီချင်း အကြောင်းအရာက လူသား အားလုံးက အချိန်အခါ အပေါ်မှာ မှီခိုနေကြတာ။ အောင်မြင်တာ တွေ၊ ရှုံးနိမ့်တာတွေ၊ တော်တာနဲ့ အောင်မြင်တာ တိုက်ရိုက်အချိုး မကျဘူး။ လူတိုင်းအောင်မြင်မှု ကျဆုံးမှုဆိုတာ အချိန်အခါတစ်ခု အပေါ်ပဲ ဆိုတဲ့ အကြောင်း ရေးထားတာပါ"လို့ သူက ပြောပါတယ်။

play

 

အချိန်အခါလို့ ပေးထားတဲ့ မာရဇ္ဇရဲ့ အခွေကို The Sun Music ကနေ မေလ (၂၉) ရက်နေ့မှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ