Entertainment: အိမ့်ချစ်ရဲ့ ဘဝကို ပုံဖော်ထားတဲ့ သီချင်းတစ်ပုဒ်

, updated

မေလ (၁၀) ရက်နေ့မှာ Music Video လေးထွက် ရှိမှာ ဖြစ်ပါတယ်။

play

 

ငယ်စဉ်ကလေးဘဝက စလို့ ဖြတ်သန်းခဲ့ရတဲ့ အိမ့်ချစ်ရဲ့ ဘဝအကြောင်းလေးကို ရေးစပ်ထားတဲ့ သီချင်းလေး ဖြစ်တဲ့ "အောင်မြင်မှုရဲ့ နောက်ကွယ်" တေးသီချင်းလေးကို ရိုက်ကူးထားတဲ့ Music Video လေးကို မေလ (၁၀)ရက်နေ့မှာ စတင်ဖြန့်မှာ ဖြစ်ပါတယ်။

play

 

အောင်မြင်မှုကိုရရှိဖို့ ဘယ်လောက်ထိ ရုန်းကန်ခဲ့ရတဲ့ အကြောင်းကို သီချင်းစာသားအဖြစ် ဖန်တီးထားသလို Music video လေးကိုလည်း အကောင်းဆုံး ကြိုးစားရိုက်ကူးထားတယ်လို့ သူမကဆိုပါတယ်။

play

 

သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာလည်း အဲဒီသီချင်းလေး နည်းနည်းကို Music Video လေးအနေနဲ့ တင်ပေးထားတဲ့အတွက် ပရိသတ်တွေကတော့ စိတ်ဝင်စားစွာ မျှော်လင့်နေကြပါပြီ။ အိမ့်ချစ်ရဲ့ "အောင်မြင်မှုနောက်ကွယ်"Music Video အခွေ ရောင်းရငွေထဲက အမြတ်အစွန်းတို့ကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ