Entertainment: အမေနေ့မှာ သားတွေကို ချစ်သဝဏ်လွှာပို့လိုက်တဲ့ ဘရစ်တနေစပီးယား

ဘရစ်တနေစပီးယားက အမေနေ့ကို စောစောစီးစီး ကျင်းပလိုက်ပါတယ်။

play

 

မေလ ၈ ရက်နေ့မှာမှ ကျရောက်မယ့် အမေနေ့မတိုင်မီပဲ သားတွေဖြစ်တဲ့ ဂျေဒန်နဲ့ ပရက်စတန်တို့အပေါ် ထားတဲ့ အချစ်တွေကို စာနဲ့ရေးသား ပြောပြလိုက်ပါတယ်။

"သားတို့က အမေ့ရဲ့ Masterpiece တွေပါ။ တန်ဖိုးအရှိဆုံး မျက်လုံးတွေကို မြင်ပြီးတဲ့နေ့က စပြီး အံ့ဖွယ်ရာတွေလို့ ရိုးတွင်းချဉ်ဆီထဲက ယုံကြည်တယ်" လို့ Time မဂ္ဂဇင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ရေးသားခဲ့ပါတယ်။

play

 

"ဘုရားသခင်ပေးတဲ့ လက်ဆောင်တစ်ခုလိုပါပဲ။ နေ့စဉ် သားတို့ရဲ့လှပတဲ့ ကမ္ဘာလေးကို ရှာနေမိတယ်။ ကမ္ဘာကြီးထဲမှာ ရုံးကန်ရင်း အားအင်တွေနဲ့ စိတ်ထက်သန်မှုတွေ ရရှိဖို့ အမေ သင်ပေးနိုင်ပါစေလို့ ဆုတောင်းတယ်။ သားတို့ရဲ့ဒူးတွေအောက်မှာ တိုက်ပွဲအများစုကို အမြဲ အနိုင်ရပါစေ။ သားတို့ရဲ့အိပ်မက်တွေကို ရှာဖွေတွေ့ရှိနိုင်ပါစေ" လို့ ဘရစ်တနေက ရေးသားခဲ့ပါတယ်။

play

 

ဒီစာကိုဖတ်ပြီး ဘရစ်တနေနဲ့ သားတွေကြားက မေတ္တာတရားကို ပရိသတ်တွေ ခံစားနိုင်ခဲ့ကြပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ