Entertainment: ဟယ်ရီပေါ်တာ စာအုပ်သစ် စတင်ဖြန့်ချိ

ဂျေကေရိုလင်း ရေးသားတဲ့ ဟယ်ရီပေါ်တာစာအုပ် စုစုပေါင်း ၇ အုပ် ထွက်ရှိထားပြီး စာအုပ်အားလုံးကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာ ကမ္ဘာကျော် လူကြိက်များခဲ့ပါတယ်။

play


ကမ္ဘာကျော် မှော်ဇာတ်လမ်းစာအုပ် ဟယ်ရီပေါ်တာရဲ့ ၈ အုပ်မြောက်ကို တနင်္ဂနွေနေ့ (ဇူလိုင် ၃၁ ရက်) မှာ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အချိန်ကွာခြားမှုအရ ဟယ်ရီပေါ်တာ ၈ အုပ်မြောက်စာအုပ် 'Harry Potter and the Cursed Child' ကို အာရှဒေသမှာ စတင်ဖြန့်ချိခဲ့ပါတယ်။

play


ယခု စာအုပ်ဟာ စာရေးဆရာမ ဂျေကေရိုလင်းက ပြဇာတ် ဇာတ်ညွှန်းအဖြစ် ရေးသားထားခဲ့တာလို့ ဆိုပါတယ်။ စာအုပ် စတင်ဖြန့်ချိတဲ့ ဇူလိုင် ၃၁ ရက်ဟာ စာရေးဆရာမ ဂျေကေရိုလင်းရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။ စင်ကာပူရှိ ကီနိုကူနီရာ စာအုပ်အရောင်းဆိုင်မှာ ဟယ်ရီပေါ်တာပရိသတ် ၃၀၀ နီးပါး တိုးဝှေ့ဝယ်ယူခဲ့ကြပါတယ်။

play


ထို့အတူ အိန္ဒိယမှာလည်း ဂျေကေရိုလင်းရဲ့ ၈ အုပ်မြောက် ဟယ်ရီပေါ်တာ စာအုပ်ကို တန်းစီးစောင့်ဆိုင်း ဝယ်ယူခဲ့ကြကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း ဟယ်ရီပေါ်တာ ပရိသတ်တွေက စာအုပ်ဝယ်ဖို့အတွက် ညလုံးပေါက် တန်းစီစောင့်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

play


ဟောင်ကောင်မှာလည်း ဟယ်ရီပေါ်တာရဲ့ ဆယ်ကျော်သက်ပရိသတ်တွေက တိုးဝှေ့ဝယ်ယူခဲ့ကြကြောင်း သိရပါတယ်။ ယခုထွက်ရှိတဲ့ ဇာတ်ညွှန်းဖြင့် ဟယ်ရီပေါ်တာ ပြဇာတ်ကို လန်ဒန်မှာ ၂၀၁၇ ခုနှစ်အထိ တင်ဆက်သွားမှာဖြစ်ပြီး ပေါလ် သွန်လေ၊ နိုမာ ဒူမက်ဇ်ဝင်နီနဲ့ ဂျမီ ပါကားတို့က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

play
ဲပြဇာတ်မှာ သရုပ်ဆောင်မယ့် အနုပညာရှင်များ။


ဗြိတိသျှ စာရေးဆရာမ ဂျေကေရိုလင်း ရေးသားတဲ့ ဟယ်ရီပေါ်တာစာအုပ် စုစုပေါင်း ၇ အုပ် ထွက်ရှိထားပြီး စာအုပ်အားလုံးကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာ ကမ္ဘာကျော် လူကြိက်များခဲ့ပါတယ်။
Source & Photo: Daily Mail, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ