Entertainment: ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ဖို့ ပဏာမရွေးချယ်ခံထားရသူများ

တွမ်ဟစ်ဒယ်လ်စတန်လည်း ပါဝင်ပါတယ်။

play

 

အိုက်ဒရစ်အယ်လ်ဘာ၊ တွမ်ဟစ်ဒယ်လ်စတန်နဲ့ မိုက်ကယ်ဖက်စ်ဘန်ဒါတို့ကို ဂျိမ်းစ်ဘွန်းအဖြစ်သရုပ်ဆောင်ဖို့ ပဏာမရွေးချယ်ထားတယ်လို့ သိရပါတယ်။

play

 

နောက်ထပ် ရွေးချယ်ခံထားရသူတွေထဲမှာတော့ Poldak မင်းသား အိတ်ဒန်တန်နာ၊ Fast and Furious မင်းသား လုခ်အီဗန်စ်နဲ့ အမေရိကန် ဒရမ်မာစီးရီး Sons of Anarchy  ထဲမှာ ပါဝင်တဲ့ ချာလီဟန်နမ်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

play

 

ဂျိမ်းစ်ဘွန်းရဲ့ နောက်ဆုံးထွက်ဇာတ်ကားဖြစ်တဲ့ Spectre ဇာတ်ကားကို ကြော်ငြာနေတဲ့ အချိန်တုန်းက ဒန်နီရယ်ခရိတ်ခ်က နောက်ထပ် 007 မင်းသားလုပ်မယ့်အစား ကိုယ့်လက်ကောက်ဝတ်ကိုယ်သာ လှီးလိုက်မယ်လို့ ပြောခဲ့ဖူးပါတယ်။

အဲဒီနောက် သူဟာ MGM Studios က ပေါင် ၆၈ သန်းနဲ့ နောက်တစ်ကားရိုက်ဖို့ ကမ်းလှမ်းတာကို ငြင်းခဲ့တယ်လို့ သိရပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ