Entertainment: မန်ချက်စတာကို ပြန်လာတဲ့ ဒေးဗစ်ဘက်ခမ်း

သူ ကျင်လည်ခဲ့တဲ့မြို့မှာ လျှောက်သွားခဲ့ပါတယ်။

play

 

မန်ချက်စတာကို ပြန်ရောက်နေတဲ့ ဒေးဗစ်ဘက်ခမ်းကို ခန့်ညားလွန်းတဲ့ စတိုင်နဲ့ တွေ့ရပါတယ်။

play

 

၂၀၀၃ ခုနှစ်မှာ ရီရဲလ်မက်ဒရစ်ကို မပြောင်းခင် မန်ချက်စတာယူနိုက်တက်မှာ ၁၁ နှစ်နေခဲ့တဲ့ ကမ္ဘာကျော် ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းဟာ သူ့ကို ဘောလုံးသမားအဖြစ် မွေးထုတ်ပေးခဲ့တဲ့ မြို့ကို ပြန်ရောက်နေတာကို အောက်တိုဘာလ ၁၀ ရက်နေ့ညက မြင်တွေ့လိုက်ရပါတယ်။

play

 

စတိုင်ကျလှတဲ့ အနောက်တိုင်းဝတ်စုံနဲ့ ဘက်ခမ်းဟာ ခါတိုင်းလိုပဲ ချောမောသန့်ပြန့်နေပြီး Haig Club ပရိုမိုးရှင်းပွဲအတွက် ဒင်းန်စ်ဂိတ်က Living Room Bar ကို ရောက်ရှိလာခဲ့ပါတယ်။

play

 

တစ်နာရီနီးပါးအကြာမှာ ဘက်ခမ်းဟာ ပွဲကနေ ပြန်ထွက်လာပြီး မန်ချက်စတာမြို့မှာရှိတဲ့ House စားသောက်ဆိုင်မှာ ညစာသွားစားခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ