Entertainment: သြစတြေးလျမီလျံနာရဲ့ ပလေးဘွိုင်းပါတီမှာ အမူးလွန်ပြီး ဆေးရုံရောက်သူ များပြားခဲ့

ဖော်ချွတ်မော်ဒယ်ပေါင်းများစွာနဲ့ ပြုလုပ်ခဲ့တဲ့ ပါတီပွဲ ဖြစ်ပါတယ်။

play

 

Candyman လို့ လူသိများတဲ့ အမျိုးသားဖြစ်သူ ဘေနွန်ဟာ ပြီးခဲ့တဲ့စနေနေ့က သူ့ရဲ့စံအိမ်ကြီးမှာ ဖော်ချွတ်မော်ဒယ်များစွာနဲ့ ပါတီပွဲ အကြီးအကျယ် ဆင်နွှဲပြီးနောက် အမူးလွန်သူတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရလို့ အရေးပေါ်လူနာတင်ယာဉ်တွေ ခေါ်ခဲ့ရကြောင်း သိရပါတယ်။

play

 

ဘုရင်မတို့စံရာမြေလို့ နာမည်ပေးထားတဲ့ သူ့ရဲ့သြစတြေးလျက စံအိမ်ကြီးမှာ အမျိုးသမီးပေါင်းများစွာနဲ့ ပါတီပွဲကျင်းပနေပြီးနောက် ည ရှစ်နာရီထိုးခါနီမှာ တစ်ကြိမ်၊ ၁၁ နာရီထိုးခါနီးမှာတစ်ကြိမ် လူနာတင်ယာဉ်တွေ ခေါ်ခဲ့ရတယ်လို့ သိရပါတယ်။ အက် ၂၃ နဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဟာ အရက်သို့မဟုတ် မူးယစ်ဆေး အလွန်အကျွံသုံးမိလို့ လူနာတင်ယာဉ်ခေါ်ခဲ့ရတာဖြစ်ပါတယ်။

play

 

နောက်တစ်ခါ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကိုလည်း အဲဒီဒေသမှာ ရှိတဲ့ Gold Coast University  ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။ ပါတီပွဲ ကျင်းပနေတဲ့ တစ်ညလုံးနီးပါး လူနာတင်ယာဉ်တွေ ခဏခဏ ခေါ်ခဲ့ရတာဟာ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှု ဌာနတစ်ခုက  အဲဒီပါတီပွဲကိုအတွက် ဝန်ဆောင်မှု ပေးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

play

 

အဆိုပါ ပါတီပွဲကို လာရောက်ကြသူတွေဟာ ပါတီပွဲပိုင်ရှင် ဆေးရွက်ကြီးနဲ့ ဆေးလိပ်လုပ်ငန်းရှင် ဘေနွန်ရဲ့လက်ခွဲစတိုးဆိုင်တွေကတစ်ဆင့် ကံထူးခဲ့ကြတာလို့ သိရပါတယ်။

Source : The Sun

ပါတီပွဲ သွားရင် အမူးမလွန်အောင် ဘယ်လိုလုပ်မလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ