Entertainment: ၂၀၁၆ ရဲ့ဝင်ငွေအများဆုံးသရုပ်ဆောင်အဖြစ် စကားလတ်ဂျိုဟန်ဆန် ရပ်တည်

သူမရဲ့နောက်မှာမှ ခရစ္စအီဗန်နဲ့ ရောဘတ်ဒေါင်နေတို့ ရှိနေပါတယ်။

play

 

တစ်ကမ္ဘာလုံး ဝင်ငွေ ဒေါ်လာ ၁.၁၅ ဘီလျံရရှိခဲ့တဲ့  Captain America: Civil War နဲ့ သိပ်ဝင်ငွေမကောင်းလှတဲ့ Hail, Caesar! တို့မှာ အဓိကသရုပ်ဆောင်နေရာတစ်ခုကနေ ပါဝင်ခဲ့တဲ့ စကးလတ်ဂျိုဟန်ဆန်ဟာ ၂၀၁၆ ခုနှစ်မှာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၁.၂ သန်းနဲ့ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

Marvel ရဲ့ Captain America စီးရီးတွေမှာ Captain America အဖြစ် ပါဝင်ခဲ့တဲ့ ခရစ္စအီဗန်နဲ့ Iron Man အဖြစ် လူသိများတဲ့ ရောဘတ်ဒေါင်နေဂျူနီယာတို့ထက် ဝင်ငွေ အနည်းငယ်အသာနဲ့ စကားလတ်က ပထမနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ ခရစ္စအီဗန်နဲ့ ရောဘတ်ဒေါင်နေတို့က တစ်ကမ္ဘာလုံး စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၁.၁၅ သန်းစီနဲ့ ဒုတိယနေရာကို ပူးတွဲရရှိခဲ့ပါတယ်။

သူတို့ ၃ ဦးစလုံး ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်တာကတော့ တစ်နှစ်တာလုံး ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်တဲ့ Captain America: Civil War ရဲ့ကျေးဇူးကြောင့် ဖြစ်ပါတယ်။

Suicide Squad မှာ Harley Quinn အဖြစ် သရုပ်ဆောင်တဲ့ မာဂေါ့ရော့ဘီက ဒေါ်လာ ၁.၁ ဘီလျံနဲ့ နံပါတ် ၄ နေရာမှာ ရှိပြီး သူမရဲ့နောက်မှာ အေမီအဒမ်စ်၊ ဘန်အက်ဖလစ်ခ်၊ ဟယ်ရီကာဗေးလ်၊ ရိုင်ယန်ရေးနိုးစ်၊ ဖလစ်စတီဂျုံးစ်နဲ့ ဝီလ်စမစ်တို့က ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Source & Photos : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ