AD
AD
AD

ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရုံတင်လိုက်ပြီဖြစ်တဲ့ ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ခင်လှိုင်ကတော့ ရိုက်ကွင်း အမှတ်တရလေးတွေနဲ့ အတူ သူ့ရဲ့ ကာရိုက်တာလေးတွေကိုလည်း Duwun Media ကနေ မိတ်ဆက်ပြောပြခဲ့ပါတယ်။

play

 

'' ကျွန်တော်တို့ ပြင်ဦးလွင်မှာရှိတဲ့ အင်းထိန်ဦး ဆိုတဲ့ရွာလေးတစ်ရွာမှာ သွားရိုက်ကြတာပါ။ Location လေးတွေလည်း လှတယ် ပျော်စရာ လည်း ကောင်းတယ် ဇာတ်လမ်းရဲ့ ပုံစံလေးကတော့ မိဘနဲ့သားသမီးကြားထဲက မိဘမေတ္တာဖွဲ့ ဟာသ ဇာတ်မြူးဒရာမာလေးလည်း ချိုးထားတယ်ပေါ့ ပျော်စရာလည်းကောင်းသလို အင်မတန်မှ လွမ်းမောစရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ'' လို့ သူကဆိုပါတယ်။

play

 

အလုပ်မယ်မယ်ရရမရှိပဲ ညီမလုပ်စာထိုင်စားနေရတဲ့ အစ်ကိုတစ်ယောက်ရဲ့ ကာရိုက်တာကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' အိမ်တစ်အိမ်မှာ ငွေရှာနိုင်တဲ့သူက အိမ်ထောင်ဦးစီးဆိုတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ မွန်မွန်ကကျတော့ အိမ်ခြံမြေ အကျိုးဆောင် ပွဲစားဆိုတော့ ငွေကြေးရှာနိုင်တယ်။ မြင့်မြတ်ကတော့ အလုပ်က ယောင်ချာချာနဲ့ ဘာအလုပ်မှ မယ်မယ်ရရမရှိဘူး။ မြင့်မြတ်ကတော့ ဦးခင်လှိုင်တို့ရဲ့ ယောက်ဖပေါ့ ဦးခင်လှိုင်တို့ကလည်း ဘာအလုပ်မှမရှိပဲ ညီမလုပ်စာကို ထိုင်စားနေရတယ်ဆိုတော့ ညီမကို ကြောက်ရတယ်။ အဲ့ဒီလိုတွေ ဘဝထဲကို အဘိုးကြီးတစ်ယောက် ရောက်လာတယ်ပေါ့'' လို့ ဆိုပါတယ်။

play

 

 ဆိုင်းကြိုက်တဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့ ဟာသဇာတ်မြူး ဒရာမာရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခန့်စည်သူ၊ မြင့်မြတ်၊ သက်မွန်မြင့်၊ ကျော်ကျော်၊ ဝေလျှံ နဲ့ စိုးနန္ဒာကျော်၊ ခင်လှိုင် နဲ့ ဒိန်းဒေါင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Photo: Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD