AD
AD
AD

မင်းသမီး ၇ယောက်၊ မင်းသားတစ်ယောက်တည်းနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ယတြာရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင် ရုံတင်ပြသ တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက မင်းသားကတော့ ပရိသတ်တွေရဲ့ အချစ်တော် အားသစ်ဖြစ်ပါတယ်။ ယတြာရုပ်ရှင် ဇာတ်ကားကြီး ရဲ့ ဇာတ်လမ်းအကျဉ်းကို Duwun ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်တယ်နော်။

play

 

'' တက္ကသိုလ်မြေရဲ့ ကံကော်ဆောင်မှာ သုည ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီနာမည်ကလည်း သုညအဖွဲ့ရဲ့ခေါင်းဆောင် အားသစ် ကြောင့်ပါပဲ။ အားသစ်က ပထမနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် စာတော်တော်ကို ညံ့ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်ဘာသာအမှတ် ၄၀ စီနဲ့အောင်ခဲ့တာပါ။ စာနေရာမှာသာညံ့တာ မဟုတ်က ဟုတ်က ပေါက်တက်ကရ လျှောက်လုပ် ရမယ်ဆိုရင် ကောင်းလိုက်တဲ့ ဖြတ်ထိုးဥာဏ် နှစ်ယောက်မရှိ။

play

 

စာမေးပွဲကြီးနီးလာတာနဲ့အမျှ သူများတွေ စာကျက်နေချိန်မှာ အားသစ်တစ်ယောက် စာမကျက်ပဲ စာမေးပွဲအောင်ချင်တဲ့စိတ်နဲ့ ဗေဒင်သွားမေးပြီး ယတြာတောင်းတော့တာပေါ့။ သူငယ်ချင်းတွေကလည်း ယတြာကြောင့် စာမေးပွဲအောင်မှာ မဟုတ်ဘူးလို့ ရှင်းပြလဲ အားသစ်က လက်မခံ။ အားသစ်တစ်ယောက် ယတြာကိုပဲ အားကိုးနေပြီး ဗေဒင်ဆရာပေးလိုက်တဲ့ ယတြာကို ဘယ်လိုချေရမလဲ တွေးနေတာပေါ့။ ယတြာကလည်း မိန်းကလေး ၇ ယောက်ကို ၇ ရက်အတွက်း ရည်းစားစာ ၇ စောင် ပေးရမယ်တဲ့။

play

 

အားသစ်တစ်ယောက် ရည်းစားစာတွေကို အလှူပေးသလို ပေးနေပြီး သူပေးတဲ့ စာတွေကို သေသေချာချာဖတ်မိလိုက်တဲ့ မိန်းကလေး ၇ ယောက်ကတော့ အားသစ်ရဲ့ အရေးအသားတွေကို သဘောကျပြီး ချက်ချင်းပြန်ကြိုက်သွားတော့တာပေါ့။ ရည်းစား ၇ ယောက် ရှာပုံတော်ကလည်း တော်တော်ကို ပင်ပန်းရှာပါတယ် နေရာစုံအောင် ရှာလိုက်ရတော့တာပေါ့ '' ... အားသစ်နဲ့ ကောင်မလေး ၇ ယောက် တို့က ရှေ့ဆက် ဘယ်လိုအလွဲလေးတွေ၊ ဟာသလေးတွေနဲ့ ဆက်သွားမလည်း ဆိုတာကို ဧပြီလ ၆ ရက်နေ့မှာ ရုံတင်ပြသ မယ့် ယတြာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

play

 

ယတြာရုပ်ရှင်ဇာတ်ကားကြီးကို စိန်ရတနာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ပုံဖော်ရိုက်ကူးထား တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အားသစ်၊ ရွှေသမီး၊ နန်းဆုဦး၊ ဆုမြတ်နိုးဦး၊ ခေးဆက်သွင်၊ မြတ်သူသူဇင်၊ ရတနာဗို၊ ဆောင်းယွန်းစံ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD