AD
AD
AD
play

 

တစ်ခေတ်တစ်ခါက အနုပညာလောကထဲမှာ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ထက်ထက်မိုးဦးဟာ ဘဝမှာ ကြုံခဲ့ရတဲ့ အမှားတွေ အများကြီးရှိခဲ့ပေမယ့် အဲ့ဒီအမှားတွေကို နောက်ကြောင်းပြန်တွေးပြီး နောင်တရတာမျိုးတွေ မရှိခဲ့ဘူးလို့ဆိုပါတယ်။

သင်္ကြန်တွင်းကနေ စပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်နေတဲ့ ပုံရိပ်တွေ တွေ့ရတဲ့ ထက်ထက်မိုးဦးဟာ နာကျည်းစရာတွေ အားလုံးမေ့ပြီး စိတ်သစ်လူသစ်နဲ့အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မယ့် အကြောင်း မီဒီယာတွေကို အသိပေးတဲ့ပွဲကိုလည်း ဧပြီ(၁၉)ရက်နေ့ ပြုလုပ်ခဲ့ပါတယ်။

play

 

လူတိုင်းအတွက် အလုပ်က အရေးကြီးတာကြောင့် သူမလည်း အလုပ်တွေ  ပြန်လုပ်တော့မယ်လို့ ဆိုပါတယ်။

"ဘဝမှာ ကောင်းနိုးကောင်းနိုးနဲ့ စိတ်ညစ်ရတာတွေလည်း အများကြီး ကြုံခဲ့ရပြီးပြီ။မှားခဲ့တာတွေလည်း ကြုံခဲ့ပြီးပြီ။ ဒါပေမယ့်လို့လည်း ပြီးခဲ့တာတွေကအားလုံးပြီးခဲ့ပြီးသွားပြီ။ အခုချိန်မှာတော့ အရေးကြီးတာက စိတ်သစ်လူသစ်နဲ့အလုပ်လုပ်ဖို့ပေါ့။ အဓိကက လူတိုင်းလူတိုင်း အလုပ်ကြိုးစားဖို့လိုတယ်လေ။ဒီအလုပ်လုပ်နိုင်မှာ ကျန်တာတွေအဆင်ပြေမှာပေါ့။ ဘဝမှာ ကြုံခဲ့ရတဲ့အမှားတွေကို ဘယ်တော့မှ နောက်ကြောင်းပြန်မတွေးတာအမှန်ပဲ။ဘဝက အရမ်းခါးခဲ့တယ်။ လွယ်လွယ်ကူကူတော့ ဘယ်မေ့နိုင်မလဲ။ဒါပေမယ့် နာကျည်းလွန်းအားကြီးတော့ မေ့သွားတာပါပဲ။အခုထက်ထက် အနုပညာအလုပ်တွေ ပြန်လုပ်တယ်ဆိုတာက ပိုက်ဆံလိုချင်လို့ပါ။" လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင် ထက်ထက်မိုးဦးက ၂၀၁၇ခုနှစ် ဒီဇင်ဘာလလယ်လောက် သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ပါသေးတယ်။ သာသနာ့ဘောင်မှာ (၃)လကျော် (၄)လလောက် နေထိုင်ခဲ့ပြီး ဧပြီ(၁၂)ရက်နေ့က လူဝတ်လဲခဲ့ပြီး သင်္ကြန်တစ်တွင်းလုံး အနုပညာအလုပ် တွေပြန်လုပ်ခဲ့တာ တွေ့ရပါတယ်။

play

 

သာသနာ့ဘောင်ထဲ ဝင်ရောက်စဉ်အချိန်တုန်းမှာလည်း တရားဘာဝနာတွေ ပွားများပြီး သာသနာ့ရေးကို တစိုက်မတ်မတ်နဲ့ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ထက်ထက်မိုးဦးဟာ အနုပညာအလုပ်တွေကို ရပ်နားထားရာကနေ မနှစ်ကမှ  ကြော်ငြာတွေ လက်ခံရိုက်ကူးနေခဲ့တာပါ။ သူမဟာ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေကို အသုံးပြုသူမဟုတ်တဲ့အတွက် သူမရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာကနေ အသိပေးလေ့မရှိပါဘူး။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD