AD
AD
AD
play

 

အချစ်ရေးနဲ့ ပတ်သက်လာရင် ပရိသတ်ကို အမြဲတမ်းထုတ်ပြောပြလေ့ရှိတဲ့ ခိုင်သဇင်ငုဝါက အရင်အချစ်ရေးတွေထက် စာရင် အခုလက်ရှိ သူ့ရဲ့ အချစ်ရေးလေးက ပျော်ရွှင်နေရ တယ်လို့ ဖွင့်ပြောလာပါတယ်။ ချစ်သူက ငုဝါထက်ငယ်ပေမယ့် အမြဲတမ်းဦးစားပေးပြီး စိတ်ချမ်းသာအောင် ထားတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' ချစ်သူကလည်း နားလည်မှုပေးပါတယ်။ ပြောရမယ်ဆိုရင် အရမ်းစိတ်ချမ်းသာတယ်။ အရင်အချစ်ရေးတွေထက်စာရင် အများကြီး ပိုပြီးတော့ စိတ်ချမ်းသာတယ်။ ညီမထက် ငယ်ပေမယ့် ညီမ ဘာလုပ်လုပ်အမြဲဦးစားပေးတတ်တဲ့အခါကျတော့ ကိုယ်လည်း စိတ်ချမ်းသာတယ်။ သူလည်း ကိုယ့်ကို စိတ်ချမ်းသာအောင်ထားတဲ့ အတွက် သူလည်းပျော်ရွှင်မှုရတယ်'' လို့ ဆိုပါတယ်။

play

 

ခိုင်သဇင်ငုဝါတို့ရဲ့ ချစ်သူသက်တမ်း ၇ လအတွင်းမှာ ရန် ၃ခါသာ ဖြစ်ဖူးသေးတယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ အချစ်ရေးမှာ အဆင်မပြေတဲ့အရာတွေဆိုတာ ရှိလာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

'' အချစ်ရေးမှာ ငုဝါတို့ တွဲလာတာ ၇ လပြည့်တော့မယ်။ အဲ့ဒီအချိန်မှာ ရန် ၃ ခေါက်ပဲ ဖြစ်ဖူးတယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ အချစ်ရေးမှာ ကိုယ်ကအရမ်းစိတ်ချမ်းသာရတယ်။ ရန်ဖြစ်တဲ့ ကိစ္စတွေဆိုရင် ဒီ ၃ ခေါက်ရန်ဖြစ်တာကလည်း ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေပေါ့နော်။ ဒီ့ထက်ပိုပြီးတော့ ငုဝါပြန်အဆင်ပြေဖို့ပဲ ရှိတယ်။ အဆင်မပြေတဲ့အရာတွေဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးကြတဲ့အတွက် ရှိလာမှာ မဟုတ်ပါဘူး'' လို့ ခိုင်သဇင်ငုဝါက ပြောပါတယ်။ ခိုင်သဇင်ငုဝါရဲ့ ချစ်သူက အနုပညာသမားတစ်ယောက်မဟုတ်ဘူး အပြင်က ပါတဲ့။

play

 

ခိုင်သဇင်ငုဝါဟာ လူငယ်တစ်ယောက်ဖြစ်တာကြောင့် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အချစ်ရေးအကြောင်းလေးတွေတင်ဖြစ်တယ်တဲ့။ ဒါကလည်း လူငယ်တစ်ယောက်အနေနဲ့ တင်လို့ရတဲ့ အချိန်လေးမှာ တင်တဲ့ သဘောပါလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ပရိသတ်တွေကတော့ ငုဝါ ဘာလုပ်လုပ် အကောင်းမြင်တဲ့သူရှိသလို၊ အကောင်းမမြင်တဲ့သူတွေလည်းရှိပါတယ်။ ဒါကလည်း ငုဝါက လူငယ် တစ်ယောက်ဆိုတော့ အချစ်ရေးမှာ ငုဝါကတော့ ကိုယ်ရှင်သန်လာတဲ့ လူ့ဘဝတိုတိုလေးပဲ။ ကိုယ်က အနုပညာအလုပ်သာလုပ်နေရတာ သာမာန်မိန်းကလေးတစ်ယောက်လို စိတ်က တစ်ခါတလေဖြစ်ချင်တဲ့အတွက်ကြောင့် ကိုယ့်ချစ်သူက ဘယ်သူလည်းဆိုတာ ပြောပြဖြစ်တာပါ။ တစ်ခါတလေ ဖေ့စ်ဘွတ်မှာအချစ်အကြောင်းလေးတွေ တင်တယ်ဆိုတာကလည်း အသက်ကြီးလာရင် တင်ချင်မှတင်တော့မှာလေ။ လူငယ်တစ်ယောက်အနေနဲ့ အခုချိန်မှာ ကိုယ်တင်လို့ရတုန်းလေး တင်တဲ့သဘောပါ'' လို့ ဆိုပါတယ်။

play

 

ခိုင်သဇင်ငုဝါဟာ မော်ဒယ်လောကမှာ မော်ဒယ်လ်လောကမှာလည်း ထိုက်သင့်သလောက် အောင်မြင်နေသူဖြစ်ပြီး သူ ဝါသနာပါတဲ့ အဆိုဘက်ကိုလည်း အကောင်းဆုံးဖြစ်အောင် သင်ယူနေတယ်လို့ သိရပါတယ်။ အဆိုတော် ဖြစ်ချင်တဲ့ သူမရဲ့ အိမ်မက်ကို အကောင်အထည် ဖော်ချင်တဲ့အတွက် ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။ ကိုယ်စောင့်နတ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထား တယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လွှမ်းပိုင်၊ ထွန်းထွန်း၊ ရဲထွေးအောင်၊ ခင်ဝင့်ဝါနဲ့ ခိုင်သဇင်ယုဝါတို့က အဓိကပါဝင် သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

 

Photo: ခိုင်သဇင်ငုဝါဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD