AD
AD
AD
play

 

ဒီဂျစ်တယ်ရုပ်ရှင်ခေတ်မှာ ပထမဆုံးအဖြစ် ပထမဆုံးရုံတင်တဲ့ရက်မှာပဲ စာနယ်ဇင်းပွဲကိုကျင်းပသွားမယ့် ငဒူရုပ်ရှင် ဇာတ်ကားဟာ ပထမဆုံးရုံတင်တဲ့နေ့အတွက်နောက်ထပ်ထူးခြားတဲ့အစီအစဉ်တစ်ခုရှိနေသေးတယ်လို့ သိရပါတယ်။

အဲဒါကတော့ ပထမဆုံးရုံစတင်မယ့် ဇွန်လ၊ ၂၉ ရက်နေ့မှာပဲ ထူးထူးခြားခြား မိဘမဲ့ကလေးတွေကိုအလှူတစ်ခု ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

ငဒူရုပ်ရှင်ဇာတ်ကားဟာ ကိုယ်တိုင်မိဘမဲ့တစ်ယောက်ဖြစ်သလို မိဘမဲ့ကလေးတွေအပေါ် စေတနာကြီးမားလွန်းပေမယ့် ဥာဏ်ပညာနည်းပါးလို့ အလွဲတွေလုပ်မိတတ်တဲ့ ငဒူအကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားတာကြောင့် ဒီရုပ်ရှင်ကားကနေတစ်ဆင့် မိဘမဲ့ကလေးတွေအတွက် တစ်ထောင့်တစ်နေရာကနေအထောက်အကူပြုဖို့  ငဒူရုပ်ရှင်အဖွဲ့သားတွေနဲ့ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။

play

 

ပထမဆုံးရုံတင်တဲ့နေ့မှာလုပ်မယ့်အလှူအပြင် ဒီရုပ်ရှင်ကနေရရှိလာတဲ့အကျိုးအမြတ်တွေထဲက ငွေကျပ် သိန်း ၁၀၀ အထိကိုလည်း မြင့်မြတ်နဲ့ငဒူရုပ်ရှင်ဝိုင်းတော်သားတွေကိုယ်တိုင် မိဘမဲ့ကလေးတွေကိုသွားရောက်လှူဒါန်းမယ့် အစီအစဉ်လည်းရှိနေပါသေးတယ်။

ငဒူရုပ်ရှင်ဇာတ်ကားဟာ ဦးနှောက်မကြီးဘဲ နှလုံးသားကြီးလွန်းတဲ့ ငဒူအကြောင်းကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားကာ ပရိသတ်တွေရဲ့အချစ်တော်သရုပ်ဆောင်တွေဖြစ်တဲ့ မြင့်မြတ်၊ ရွှေမှုန်ရတီ နဲ့ နန်းဆုဦးတို့အပြင် ဇာတ်ပို့၊ဇာတ်ရံတွေနဲ့ အားဖြည့်ထားတာကြောင့် မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်လာမှာ သေချာသလောက်ပါပဲ။

play

 

မြန်မာရုပ်ရှင်ကားကောင်းတစ်ကားကို မလွတ်တမ်းခံစားရင်း မိဘမဲ့ကလေးတွေအတွက် တစ်ဖက်တစ်လမ်းက လှူဒါန်းကာ ကုသိုလ်ရချင်တယ်ဆိုရင်တော့ ယခုလ ၂၉ ရက်နေ့မှာရုံတင်တော့မယ့် ငဒူရုပ်ရှင်ကို ဆက်ဆက်သွားအားပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD