Entertainment: အဒဲလ်ရဲ့ 25 အယ်လ်ဘမ် စံချိန်တင် ရောင်းချနိုင်ခြေရှိ

အဒဲလ်ရဲ့ အယ်လ်ဘမ်အသစ် 25 နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထွက်လာချိန်မှာ ပေါက်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲဘူးဆိုတာ လူတိုင်းသိနေခဲ့ပါတယ်။ ဘယ်လောက်အထိပေါက်မလဲဆိုတာသာ အားလုံးက သိချင်နေကြတာပါ။

play

 

Saturday Night Live မှာ အဒဲလ်ရဲ့သရုပ်ဆောင်မှုအပါအဝင် အဖွင့်စနေတနင်္ဂနွေနှစ်ရက်လုံး ကြည့်ပြီးတဲ့နောက် ဒီအယ်လ်ဘမ်ဟာ သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်မယ်ဆိုတာ သေချာသလောက်ဖြစ်နေပါပြီ။

Billboard မဂ္ဂဇင်းက ရရှိတဲ့သတင်းအရ 25 ဟာ ပထမတစ်ပတ်အတွင်း အမေရိကန်မှာ အနည်းဆုံး အခွေပေါင်း ၂.၅ သန်း ရောင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ တကယ်သာရောင်းရရင် အနည်းဆုံး ၁၉၉၁ ခုနှစ်က စပြီး အရောင်းရဆုံး အယ်လ်ဘမ်ဖြစ်မှာ သေချာတယ်လို့ အချက်အလက်များအရ သိရပါတယ်။

play

 

iTunes တစ်ခုတည်းတင် 25 ဟာ အနည်းဆုံး ၉ သိန်း ဒေါင်းလုတ်ရှိပြီး နိုင်ငံပေါင်း ၁၁၀ က Apple ရဲ့ iTunes မှာ နံပါတ်တစ် အရောင်းရဆုံး အယ်လ်ဘမ်ဖြစ်သွားပါပြီ။ အဒဲလ်ရဲ့အယ်လ်ဘမ်က အွန်လိုင်းပေါ်နဲ့  အခွေရောင်းချရမှုမှာ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ နှစ်ခုပေါင်း အခွေ ၁.၉ သန်း ရှိနေပြီလို့ ဆန်းစစ်ချက်အရသိရပါတယ်။

play

 

လွန်ခဲ့တဲ့ ၅ နှစ်က  အဒဲလ်ရဲ့ 21 လို့ ခေါ်တဲ့ အယ်လ်ဘမ် ထွက်ရှိခဲ့ပြီးနောက် ဒီအယ်လ်ဘမ် ထွက်ရှိလာခဲ့တာပါ။ အဲဒီအခွေတုန်းက တစ်ကမ္ဘာလုံးမှာ အခွေပေါင်း သန်း ၃၀ ကျော် ရောင်းချခဲ့ရပြီး ဂရမ်မီဆု ၇ ဆု ဆွတ်ခူးခဲ့ပါတယ်။

Source : www.nytimes.com

Photos : www.nytimes.com, www.billboard.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ