Entertainment: အဒဲလ်ရဲ့ ‘25’ က လေးရက်တည်းနဲ့ တစ်ပတ်အတွင်း အရောင်းရဆုံး အယ်လ်ဘမ် စံချိန်ချိုး

‘25’ အယ်လ်ဘမ်ဟာ အမေရိကန်မှာ သုံးရက်ကျော်အတွင်း ၂.၄၃၃ သန်း ရောင်းချခဲ့ရပါတယ်။

play

 

လုံးဝသေချာသွားပါပြီ။ အဒဲလ်ရဲ့ ‘25’ ဟာ အမေရိကန်မှာ တစ်ပတ်အတွင်း အရောင်းရဆုံး အယ်လ်ဘမ် စံချိန်ကို ချိုးသွားပြီဖြစ်ကြောင်း Nielsen Music က ထုတ်ပြန်လိုက်ပါတယ်။

play

 

နိုဝင်ဘာ ၂၃ ရက်အထိ ရရှိတဲ့ အရောင်းစာရင်းအရ  အယ်လ်ဘမ်ထွက်ပြီး သုံးရက်ကျော်ကျော်လေး အတွင်းမှာကို အနည်းဆုံး ၂.၄၃၃ သန်း ရောင်းထွက်သွားပါတယ်။ အဲဒီပမာဏဟာ Nielsen က စတင်ပြီး မှတ်တမ်းတင်ခဲ့တဲ့ ၁၉၉၁ ခုနှစ်က စပြီး တစ်ပတ်တာ ရောင်းအားအကောင်းဆုံး ပမာဏပါ။

ယခင်စံချိန်ဟောင်းက NSYNC ရဲ့ No Strings Attached ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် မတ်လ ၂၆ ရက်နေ့အထိ အယ်လ်ဘမ်ရဲ့ ပွဲဦးထွက်တစ်ပတ်တာ ရောင်းအား ၂.၄၁၆ သန်း ရှိခဲ့ပါတယ်။ ဒီစံချိန်ကို အဒဲလ်က သုံးရက်ကျော်အတွင်း ချိုးနိုင်ခဲ့တာပါ။

play

 

တစ်ပတ်တာ ရောင်းအားက နိုဝင်ဘာလ ၂၆ ရက်မှာမှ အဆုံးသတ်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၃ ရက်အထိသာ စာရင်းကောက်ထားတာဖြစ်ပြီး နောက်ထပ် သုံးရက်ကျော်တောင် ကျန်သေးတဲ့အတွက် ဒီပမာဏဟာ အများကြီး တက်သွားဦးမှာပါ။ ‘25’ ရဲ့ ရောင်းအားက ဒီတစ်ပတ်အတွင်း ၂.၉ သန်း ကျော်သွားနိုင်တယ်လို့ ခန့်မှန်းသူများက ပြောပါတယ်။

တစ်ပတ်တာ စာရင်းကို Billboard က တစ်ပတ်တာ အချက်အလက်တွေ စစ်ဆေးပြီးတာနဲ့ နိုဝင်ဘာ ၂၉ ရက်မှာ ကြေညာသွားမှာဖြစ်ပါတယ်။

Source : www.billboard.com

Photos : www.usatoday.com, www.billboard.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ