Entertainment: ကမ္ဘာ့ ရောင်းအား အကောင်းဆုံး အယ်လ်ဘမ် ဖြစ်သွားတဲ့ "25"

အဒဲလ်ရဲ့ အောင်မြင်မှုက ရပ်တန့်မသွားဘဲ တစ်ကမ္ဘာလုံးကိုပါ သိမ်းပိုက်လိုက်တာပါ။

play

 

အဒဲလ်ကတော့ အဒဲလ်ပါပဲ။ နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ဖြန့်ချိလိုက်တဲ့ 25 အမည်ရှိတဲ့ အယ်လ်ဘမ်ဟာ ကမ္ဘာတစ်ဝန်းမှာ ကော်ပီချပ်ရေပေါင်း ၅၇ သန်း ရောင်းချပြီးနောက် ကမ္ဘာ့ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်အဖြစ် စံချိန်တင်လိုက်ပါပြီ။

သီတင်းပတ် တစ်ပတ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ရေပန်းအစားဆုံး အယ်လ်ဘမ်တွေကို ဖော်ပြပေးတဲ့ Billboard 200 Chart မှာ နှစ်ပတ်ဆက်တိုက် နေရာယူထားပါတယ်။ ဒီဇင်ဘာ ၇ရက်နေ့မှာတော့ အဒဲလ်ရဲ့ Hello သီချင်းက ကမ္ဘာတစ်လွှားမှာ  နားထောင်မှု အများဆုံး သီချင်းအဖြစ်လည်း  သီတင်းပတ် ၅ ပတ် ဆက်တိုက် ရပ်တည်နေပြန်ပါတယ်။ "25"ဟာ အဒဲလ်ရဲ့ တတိယမြောက် အယ်လ်ဘမ်ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ