Entertainment: မီယာမီကမ်းခြေရောက် Arrow ဇာတ်လမ်းတွဲ မင်းသမီး

အမ်မီလီက အနက်နဲ့ ရွှေရောင် ပေါင်းစပ်ထားတဲ့ ဘီကီနီကို ဝတ်ဆင်ထားပါတယ်။

play

 

Arrow ဇာတ်လမ်းတွဲမှ နည်းပညာကျွမ်းကျင်တဲ့ မိန်းမချောလေး ဖလစ်စီတီး စမွတ်ခ်ကို ဇာတ်လမ်းတွဲ ပရိသတ်တွေ သိကြမှာပါ။ ဖလစ်စီတီး စမွတ်ခ်အဖြစ် သရုပ်ဆောင်ထားတာက အသက် ၂၄ နှစ်အရွယ် ကနေဒါမင်းသမီးချော အမ်မီလီ ဘတ်ရစ်ချတ်ဒ်စ် ဖြစ်ပါတယ်။

play

 

တနင်္လာနေ့တုန်းက မီယာမီကမ်းခြေမှာ သူငယ်ချင်းတွေနဲ့အတူ အားလပ်ရက် အနားယူအပန်းဖြေနေတဲ့ Arrow စတား အမ်မီလီရဲ့ ဘီကီနီအလှကို ပရိသတ်တွေ မြင်တွေ့ခွင့်ရခဲ့ကြပါတယ်။ အမ်မီလီက အနက်နဲ့ ရွှေရောင် ပေါင်းစပ်ထားတဲ့ ဘီကီနီကို ဝတ်ဆင်ထားပါတယ်။

play

 

မင်းသမီး အမ်မီလီဟာ နိုဝင်ဘာ ၄ ရက်က အမေရိကန်မှာ ရုံတင်ပြသခဲ့တဲ့ Brooklyn ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အမ်မီလီဟာ ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ပထမဆုံးအကြိမ်အဖြစ် အဓိကကျတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

Source & Photo: www.dailymail.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ