Entertainment: ဂျိမ်းစ်ဘွန်းရဲ့ စီးတော်ယာဉ် Austin Martin DB10 ကို အပြင်မှာရောင်းချမယ်

, updated

ပြိုင်ကားလှလှစုဆောင်ရတာ ဝါသနာပါတဲ့ သန်းကြွယ်သဌေးတွေအတွက်တော့ နောက်ထပ်အခွင့်ရေးတစ်ခု ရောက်လာပြန်ပါပြီ။

play

 

နောက်ဆုံးထွက်ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်ထဲမှာ အသုံးပြုထားတဲ့ ကားကိုပိုင်ဆိုင်ဖို့ သင်တို့လက်ထဲကို အခွင့်အရေးတစ်ခု ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ဇာတ်ကားသစ် Spectre ထဲမှာ အသုံးပြုထားတဲ့ ပြိုင်ကားကို ရောင်းချသွားမှာ ဖြစ်တယ်လို့ အဆိုပါကား ထုတ်လုပ်ထားတဲ့ Aston Martin ကုမ္ပဏီက ပြောလိုက်ပါတယ်။ ဒါပေမယ့် တစ်စီးတည်းသာ ရောင်းချသွားမှာဖြစ်လို့ ကမ္ဘာပေါ်မှာ ဂျိမ်းစ်ဘွန်းစီးတဲ့ကားမျိုးကို တစ်ဦးတည်ပိုင်သူဖြစ်ဖို့ အခွင့်အရေးဟာ သန်းကြွယ်သဌေးတွေလက်ထဲ ရောက်လာပြီဖြစ်ပါတယ်။

play

 

ဒါပေမယ့် Spectre ရုပ်ရှင်ထဲမှာ အသုံးပြုထားတဲ့ ပြိုင်ကားကို လမ်းမပေါ်မှာ စီးနင်းခွင့်တော့ ပေးသွားဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဆွဲဆောင်မှုအပြည့်နဲ့ ဒီလိုကားမျိုးကို ပြခန်းထဲမှာ အမြဲ သိမ်းထားရမှာကတော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်အတွက် ရည်ရွယ်ပြီး  ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ အဆိုပါကားကို တနင်္လာနေ့က အင်္ဂလန်မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ထဲမှာ ရောင်းချသွားဖွယ်ရှိပြီး အလှပြရုံသက်သက်ဖြစ်လို့ မောင်းနှင်ခွင့်စာရွက်စာတမ်းတွေ ရနိုင်မှာ မဟုတ်ပါူဘး။ ဂျိမ်းစ်ဘွန်းကားထဲမှာ ဗီလိန်မောင်းနှင်တဲ့ Jaguar C-X75 ကိုတော့ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

play

 

ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားသစ်အတွက် သီးသန့်ဒီဇိုင်းထုတ်လုပ်ခဲ့တဲ့ Aston Martin ကုမ္ပဏီဟာ ဇိမ်ခံကားတွေ သီးသန့်ထုတ်လုပ်တဲ့ ဗြိတိန်အခြေစိုက်ကုမ္ပဏီဖြစ်ပြီး skyfall ဂျိမ်းစ်ဘွန်း ရုပ်ရှင်တုန်းကလည်း ကားထုတ်လုပ်ခဲ့ဖူးပါတယ်။

Ref : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ