Entertainment: Big Bag အဖွဲ့ Cover သီချင်းဆိုပြိုင်ပွဲကျင်းပရန် အစီအစဉ်ရှိ

ဆုရသည့်အဖွဲ့သည်လည်း ဆန္ဒရှိပါက ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် Big Bag အဖွဲ့၏ ဖျော်ဖြေပွဲ၌ ပါဝင်သီဆိုရန် ဖိတ်ခေါ်သွားမည်ဖြစ်သည်။

play

 

Big Bag မှ Cover Song ပြိုင်ပွဲတစ်ခုကို ၄င်းအဖွဲ့ရဲ့သီချင်းများ Cover ပြန်ဆိုထားသည့် ပရိသတ်များကို အသိအမှတ်ပြုသည့် အနေဖြင့် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

play

 

ပြိုင်ပွဲဝင်ရောက်လိုသူများသည် Big Bag ၏ ဖန်ပေ့ခ်ျတွင် သီချင်း Cover ပြန်လည်သီဆိုထားသည့် ဗီဒီယိုဖိုင်ကို Upload လုပ်ရမည်ဖြစ်ပြီး အကြိုက်ဆုံးအဖွဲ့တစ်ဖွဲ့ကိုရွေးချယ်ကာ ဒေါ်လာ (၁၀၀) ဆုချီးမြှင့်မည့်အပြင် Big Bag အဖွဲ့နှင့်အတူ ညစာစားခွင့်ရရှိမည်ဖြစ်သည်။

play

 

ထို့အပြင် ဆုရသည့်အဖွဲ့သည်လည်း ဆန္ဒရှိပါက ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် Big Bag အဖွဲ့၏ ဖျော်ဖြေပွဲ၌ ပါဝင်သီဆိုရန် ဖိတ်ခေါ်သွားမည်ဖြစ်သည်။

 

Source: 7Day Daily

Photo: Big Bag Band Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ