Entertainment: ကမ္ဘာကိုလွှမ်းမိုးနိုင်သူများ စာရင်းမှာ Big Bang တတိယနေရာရောက်နေ

ကိုရီးယားအနုပညာရှင်တွေနဲ့ ယဉ်ကျေးမှုတွေဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနေပါပြီ။

play

 

ကမ္ဘာကျော် TIME မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာကိုလွှမ်းနိုင်ဆုံးလူ ၁၀၀ စာရင်းရဲ့ ထိပ်ဆုံးနေရာမှာ တောင်ကိုရီးယားအဆိုတော်အဖွဲ့တစ်ဖွဲ့ကနေရာယူထားပါတယ်။ Big Bang အဖွဲ့ဟာ အဆိုပါစာရင်းမှာ တတိယနေရာကို ရောက်ရှိနေပါတယ်။ ဒီနေရာကို ရောက်ဖို့အတွက် ပရိသတ်တွေကပဲ မဲပေးရတာပါ။ စုစုပေါင်း မဲရလဒ် ၂.၃ ရာခိုင်နှုန်းရှိပါတယ်။

တောင်ကိုရီးယားအနုပညာရှင်အနေနဲ့ TIME ရဲ့ မဲပေးရွေးချယ်မှုစာရင်းမှာ ပါဝင်လာတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် မဲပေးမှုမှာလည်း 2NE1 အဖွဲ့ခေါင်းဆောင် CL လည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း CL က အဆင့် ၂၅ နေရာမှာ ရပ်တည်နေပြန်ပါတယ်။

play

 

၂၀၁၆ ခုနှစ်အတွက် မဲပေးမှုတွေကတော့ အဆုံးမသတ်သေးပါဘူး။ မဲပေးမှုအနေအထားအရ လက်ရှိမှာ အဆင့်တစ်နေရာကို ယူထားသူက မဲ ၃.၉ ရာခိုင်နှုန်းနဲ့ အမေရိကန်သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဘာနီးဆန်ဒါးစ် ဖြစ်ပါတယ်။

အဆင့်နှစ်မှာတော့ မဲပေးသူ ၂.၅ ရာခိုင်နှုန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်က ရပ်တည်နေပါတယ်။

Source : TIME

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ