Entertainment: နိုင်ငံတကာကိုပါ စိုးမိုးလာတဲ့ BTS ရဲ့ အယ်ဘမ်သစ်

, updated

သူတို့ရဲ့အထူးအယ်ဘမ် "The Most Beautiful Moment in Life: Young Forever" ကို မေလ ၂ ရက် ညသန်းခေါင်ကြီးမှာ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

play

 

BTS တွေရဲ့ အယ်ဘမ်သစ် Yong Forever က ကိုရီးယားကို စိုးမိုးရုံတင်မကဘူး နိုင်ငံတကာမှာပါ ပေါက်ချက်ပြင်းလာပါတယ်။ iTunes ရဲ့ နိုင်ငံတကာထိပ်တန်း ၅၀ ထဲမှာ ပါဝင်လာပြီး သူတို့ရဲ့ကျော်ကြားမှုအရှိန်အဝါကို ပြသလိုက်နိုင်ပြီဖြစ်ပါတယ်။

play

 

မေလ ၂ ရက် ညသန်းခေါင်ကြီးမှာ သူတို့ရဲ့အထူးအယ်ဘမ် "The Most Beautiful Moment in Life: Young Forever" ကို ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖြန့်ပြီး ၁၅ နာရီအတွင်း စင်္ကာပူမှာ နံပါတ် ၃၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ထိုင်းတို့မှာ နံပါတ် ၅ ၊ ဟောင်ကောင်မှာ နံပါတ် ၇ နဲ့ စတဲ့နိုင်ငံတွေမှာ ထိပ်တန်းနေရာတွေပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေနဲ့ အမေရိကမှာလည်း ထိပ်တန်း ၂၀ နဲ့ ၅၀ စာရင်းတွေ ဝင်ခဲ့ပါတယ်။

play

 

ဒီထဲက Fire ဆိုတဲ့သီချင်းဟာ သူ့ပရိသတ်တွေကို အဖမ်းစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

Photos & Source: Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ