Entertainment: မိုင်လီဆိုင်းရက်စ်က Candy မဂ္ဂဇင်းအတွက် sex toy ကို ကိုင်ပြီး အပေါ်ပိုင်းဗလာနဲ့ ပို့စ်ပေး

မိုင်လီဆိုင်းရက်စ်က အဆိုးရွားဆုံးပုံစံတွေနဲ့ ဓာတ်ပုံတွေ ရိုက်လိုက်ပြန်ပါပြီ။

play

 

အဲဒီဓာတ်ပုံတွေကို ရိုက်ပေးတဲ့ ဓာတ်ပုံဆရာ တယ်ရီ ရစ်ချက်ဆန်က Wrecking Ball ဆိုတဲ့ မိုင်လီ့ရဲ့ သီချင်းဗွီဒီယိုခွေကို ရိုက်ပေးခဲ့သူပါ။ အဲဒီထဲမှာလည်း မိုင်လီက အဆောက်အအုံဖျက် သံလုံးကြီး (wrecking ball) တစ်လုံးပေါ်မှာ Doc Marten ဘွတ်ဖိနပ်ကလွဲလို့ ဘာမှဝတ်မထားဘဲ သရုပ်ဆောင်ထားတာ အားလုံးသိပြီးဖြစ်ပါတယ်။

play

 

Candy မဂ္ဂဇင်းအတွက်ပုံတွေထဲမှာ မိုင်လီက သူမရဲ့ချိုင်းမွေးကို လျှာနဲ့ လျက်တော့မလိုပုံ၊ လုံးဝအဝတ်အစားမပါဘဲ လက်ထဲမှာ ကြောင်လေးတစ်ကောင်ကို ကိုင်ထားတဲ့ပုံ၊ sex toy တစ်ခုကို ဝတ်ထားပြီး ရဲသားတစ်ယောက်ကို ရန်စနေတဲ့ အပြုအမူတွေ လုပ်ပြနေပုံတွေ ပါဝင်ပါတယ်။

play

Elle UK မဂ္ဂဇင်းနဲ့ အောက်တိုဘာလထဲမှာ အင်တာဗျူးစဉ်က မိုင်လီက pansexual လုပ်ဖို့ စဉ်စားနေတယ်လို့ ဆိုပါတယ်။ သူမက လိင်တူလိင်ကွဲ ဘယ်လိုလူမျိုးနဲ့မဆို အားလုံးနဲ့ ချိန်းဆိုရန် အသင့်လို့ ဆိုလိုချင်တာပါ။

“အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မက အရမ်းကို ပွင့်လင်းပါတယ်။ ကျွန်မက pansexual ပါ။ ဒါပေမဲ့ အခု တွဲနေတဲ့သူရှိပါဘူး။ အသက် ၂၂ နှစ်ပါ။ ကျွန်မ ချိန်းဆိုမှုတွေ လုပ်သွားမှာပါ” လို့ သူမက ပြောပါတယ်။

Source and photos : www.news.com.au

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ