Entertainment: Captain America: Civil War နမူနာ ထွက်ပြီ

Captain America (ခရစ်အီဗန်) နဲ့ Iron Man (ရောဘတ် ဒေါင်နေ ဂျူနီယာ) တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Captain America: Civil War ရဲ့ ပထမဆုံး နမူနာထွက်ရှိလာပါပြီ။

play

 

Captain America: Civil War က Avengers: Age of Ultron ပြီးသွားတဲ့နေရာက ပြန်စမှာဖြစ်ပါတယ်။ လူ့လောကကို ကာကွယ်စောင့်ရှောက်ဖို့ ဆက်လက်ကြိုးပမ်းမှုတွေလုပ်နေတဲ့ Avengers အဖွဲ့သစ်ကို Steve Rogers က ဦးဆောင်ပါတယ်။ Avengers အဖွဲ့နဲ့ ပတ်သက်နေတဲ့ နိုင်ငံတကာ ဖြစ်ရပ်တစ်ခုက ပျက်စီးဆုံးရှုံးမှု ဖြစ်သွားခဲ့ပြီးတဲ့နောက် တာဝန်ယူတဲ့ ဖွဲ့စည်းမှုတစ်ခု စတင်ဖို့ နိုင်ငံရေးဖိအားတွေ မြင့်မားလာတဲ့နောက်မှာ အစိုးရက သူတို့အဖွဲ့ကို ပြန်လည် စုဆောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တကွဲတပြားစီ ဖြစ်နေကြတဲ့ Avengers အဖွဲ့က နောက်ထပ် လူယုတ်မာအသစ်တစ်ယောက်လက်ကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကြိုးစားကြတာပါ။

play

 

အန်သိုနီနဲ့ ဂျိုးရက်စ်ဆိုတို့ ရိုက်ကူးထားတဲ့ Captain America: Civil War ကို ၂၀၁၆ ခုနှစ် မေလ ၆ ရက်မှာ စတင် ရုံတင်မှာ ဖြစ်ပါတယ်။

Captain America: Civil War ရဲ့ နမူနာကို ဒီမှာ ကြည့်နိုင်ပါတယ်။

Source and Photos : www.superherohype.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ