Cele YatKwat: မိန်းကလေးကာရိုက်တာသရုပ်ဆောင်ရတဲ့အခါ မိန်းကလေးတွေကို ကိုယ်ချင်းစာတယ် လို့ ဆိုလိုက်တဲ့ သုတ

ယောင်္ကျားလေးလို ဝတ်ရတာနဲ့ မိန်းကလေးလို ဝတ်ရတာအရမ်းကွာတယ်။

မော်ဒယ်လ်လောကမှာလည်း ပရိသတ်တွေဆီက အချစ်ကို ရရှိထားသလို သရုပ်ဆောင်အလုပ်မှာလည်း ကြိုးစားနေဆဲဖြစ်တဲ့ သုတ ကတော့ မိန်းကလေးတစ်ယောက်ပုံစံ ကာရိုက်တာတွေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိနေတာဖြစ်တဲ့အတွက် ဒီကာရိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့စိတ်ခံစားချက်အကြောင်းအရာတွေကို Duwun Media ကနေတဆင့် အခုလို ပြောပြခဲ့ပါတယ်။

play

 

'' မိန်းကလေး ကာရိုက်တာကို သရုပ်ဆောင်ရတာ ၃ ကားလောက်ရှိပြီ။ အစပိုင်းကတော့ ဆံပင်အတုစွပ်ရတော့ မနေတတ်၊ မထိုင် တတ်တာတို့ အခက်အခဲလေးတွေဖြစ်တာပေါ့။ နောက်ပိုင်းကျတော့ အဆင်ပြေသွားပါတယ်။ဒီကာရိုက်တာနဲ့ပတ်သက်လို့ အားပေးတဲ့ ပရိသတ်တွေရှိသလို ဝေဖန်တဲ့ ပရိသတ်တွေလည်း ရှိပါတယ်။ ဒါက သူတို့အပြစ်လည်းမဟုတ်ဘူးလေ။ ကိုယ်က သူတို့ကို ဖျော်ဖြေ ရမယ့်သူ အနုပညာရှင်ဆိုတော့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လက်ခံရမှာပါပဲ။ အမှန်အတိုင်းပြောရရင်တော့ မိန်းကလေးလို သရုပ်ဆောင်ရတာအရမ်းပင်ပန်းတယ်၊ ယောင်္ကျားလေး ကာရိုက်တာထက် ပိုပင်ပန်းတယ်။ ပိုပြီးလုပ်ရတယ် ကုန်ကျစရိတ် ပိုများ တယ်၊ အဝတ်အစားတွေဝယ်၊ ဆံပင်အတုတွေဝယ် ဆိုတော့ တစ်ခါတစ်လေကျရင် မိန်းကလေးတွေကို ကိုယ်ချင်းစာမိတယ်။ လက်သည်း ဆိုရင်လည်း လက်သည်းနီ ဆိုးရတာတို့ ရှိတယ်။ ယောင်္ကျားလေးလို ဝတ်ရတာနဲ့ မိန်းကလေးလို ဝတ်ရတာနဲ့ အရမ်းကွာ တယ်၊ အရမ်းလည်း စိတ်ပင်ပန်း ရတယ်'' လို့ သူကဆိုပါတယ်။

 

သရုပ်ဆောင်အသစ်တစ်ယောက်အနေနဲ့ မိန်းကလေးကာရိုက်တာ သရုပ်ဆောင်ရတဲ့အခါမှာ ပရိသတ်တွေကလည်း ကိုယ့်ကို မိန်းကလေးကာရိုက်တာနဲ့ပဲ အမြင်စွဲသွားမှာကို စိုးရိမ်တယ်ဆိုတဲ့ သုတက အနုပညာဖြစ်တဲ့ အတွက် ဘက်မျှအောင် သရုပ်ဆောင် ပါတယ်လို့ ပြောပြခဲ့ပါတယ်။

'' အခုဆိုရင် မိန်းကလေးကာရိုက်တာနဲ့ လာငှားကြတဲ့အခါကျရင် ကျွန်တော်အရမ်းများနေပြီဖြစ်တဲ့အတွက် မရိုက်ဖြစ်လိုက်တာလေး တွေ ရှိတယ်။တစ်ခန်းတစ်လေကနေဆိုရင်တော့ ယောင်္ကျားလေးကနေ မိန်းကလေးကာရိုက်တာကို ပြောင်းတာမျိုးဆိုရင်တော့ ရိုက်ဖြစ်ပါတယ်။မိန်းကလေးကာရိုက်တာမို့လို့ မရိုက်တော့ဘူးရယ်လို့ မဟုတ်ဘူး။ ဘက်မျှအောင်တော့ ရိုက်သွားမယ်'' လို့ဆိုပါတယ်။

play

 

သုတ ကိုတော့ မော်ဒယ်လ်တစ်ယောက်အဖြစ်နဲ့သာမက တီဗီကြော်ငြာတွေက တဆင့်ပရိသတ်အခိုင်အမာရရှိခဲ့တာဖြစ်ပြီး သရုပ် ဆောင် အလုပ်နဲ့ပတ်သက်လို့လည်း စီနီယာအနုပညာမောင်နှမတွေနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ပရိသတ်တွေအတွက် ပညာပေးရမယ့်ဇာတ်ကား၊ ဖျော်ဖြေပေးရမယ့်ဇာတ်ကား၊ အပျင်းပြေစေမယ့် ဇာတ်ကားဆိုရင်တော့ ဇာတ်လမ်းကို ကြိုက်ရင်  ရိုက်ဖြစ်သွားမှာပါ လို့ Duwun Media ကနေတဆင့်ပြောပြခဲ့ပါတယ်။

Photo: သုတ ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ