Cele YatKwat: လူငယ်တွေကို နည်းပညာရဲ့သားကောင်မဖြစ်ဖို့ ပြောပြခဲ့တဲ့ ရဲအောင်

နည်းပညာတစ်ခု တိုးတက်လာသလို ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေတယ်။

ယနေ့ခေတ်ကာလအခြေအနေအရ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းပေါ်မှာ IT နည်းပညာတိုးတက်လာတာနဲ့အမျှ လူမှုကွန် ယက် အသုံးပြုနေကြတဲ့ ကျောင်းသား၊ လူငယ်တွေအတွက် နည်းပညာရဲ့ သားကောင်မဖြစ်စေနိုင်ဖို့ကို အကယ်ဒမီရဲအောင်က Duwun Media ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

''တိုးတက်လာတဲ့ နည်းပညာအပေါ်မှာ အသုံးပြုနေကြတဲ့ ကလေးတွေ၊ သူတို့ကို ကောင်းတဲ့ပညာတွေ၊ ဒီနည်းပညာကို အကျိုးရှိရှိ အသုံးချဖို့ ကိုယ့်အတွက် တန်ဖိုးရှိအောင် ကိုယ့်အတွက် အသုံးဝင်အောင်၊ ကိုယ့်ဘဝအတွက် တစ်ဖက်တစ်လမ်းကနေ အထောက် အကူ အထောက်အပံ့ဖြစ်အောင်အသုံးပြုဖို့၊ နည်းပညာကို အသုံးပြုပြီးတော့ နည်းပညာရဲ့သားကောင်မဖြစ်ဖို့လိုတယ်။ နည်းပညာ တစ်ခု တိုးတက်လာသလို ကောင်းတာနဲ့ ဆိုးတာ ဒွန်တွဲနေတယ်။ အဲ့ဒီအတွက် နည်းပညာနဲ့ပတ်သက်ပြီးအသုံးပြုနေတဲ့ မကောင်း တဲ့သူတွေနဲ့ မတွေ့ရအောင်၊ ပြီးတော့ ကိုယ့်ရဲ့ကလေးဖြစ်တဲ့ သားသမီး၊ ညီ၊ ညီမ အကုန်လုံးအတွက်လည်း လူကြီးတွေက တာဝန် ရှိတယ်။ မျက်ခြေမပြတ်ပဲ အမြဲတမ်း ကြည့်ရှုစောင့်ရှောက် ပြီးတော့ ကာကွယ်ပေးသွားရမယ်။ဒါကို အကျိုးရှိရှိအသုံးပြုဖို့ကိုလည်း သွန်သင်ဆုံးမစေချင်တာပေါ့'' လို့ သူက ဆိုပါတယ်။

 

အကယ်ဒမီရဲအောင်ကတော့အနုပညာသက်တမ်း (၂၅)နှစ်ကာလဖြတ်သန်းခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီ ဆုတွေလည်း ဆွတ်ခူးရရှိထားကာ ယနေ့ခေတ်အထိပရိသတ်အခိုင်အမာနဲ့ရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

သူ့အနေနဲ့ အခုလက်ရှိမှာ အောင်တိုင်းကျော်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးတဲ့ မောင်နှမ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ပြင်ဦးလွင်မြို့မှာ ရိုက်ကူးပြီးစီးခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်လည်း မန္တလေးမှာ ကျင်းပ ပြုလုပ်မယ့် ချစ်ကြည်ရေး ဘောလုံးပွဲမှာလည်း သီချင်းဆိုဖို့ရှိတယ်လို့ ဆိုပါတယ်။

Photo: Duwun

See More

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ