Cele YatKwat: ပရိသတ်အားပေးမှုကအဓိကကျလို့ သရုပ်ဆောင်လုပ်ဖြစ်ခဲ့တာပါဆိုတဲ့ မေဘရဏီသော်

အားပေးရကျိုးနပ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်အောင်ကြိုးစားချင်တယ်။

အလှမယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မေဘရဏီသော်ကတော့ အနုပညာနဲ့ပတ်သက်လို့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာတာကလည်း ပရိသတ်တွေရဲ့အဓိက အားပေးမှုကြောင့်လို့ ဆိုပါတယ်။ သူ့ရဲ့ အနုပညာအလုပ် အပေါ်ဘယ်လိုတွေကြိုးစားနေသလဲ ဆိုတာကို Duwun Media ကနေတဆင့်ဖြေကြားခဲ့ပါတယ်။

play

 

'' အလှမယ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်အလုပ်ကို စလုပ်တဲ့အခါ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ညီမ အနေ နဲ့ သရုပ်ဆောင်အလုပ်ကို လုပ်ဖြစ်တာကလည်း ပရိသတ်တွေရဲ့အားပေးမှုက အဓိက ကတော့ ပရိသတ်တွေရဲ့ အားပေးမှုက ၈၀ ရာခိုင်နှုန်းလောက် ပါပါတယ်။ ညီမတို့ Miss တွေအနေနဲ့ ပြိုင်ပွဲတစ်ခုကို သွားပြိုင်ပြီး ပြန်လာတဲ့အချိန်မှာ Miss တစ်လိုင်းပဲ မြန်မာပြည် မှာသွားရင် ပရိသတ်ရဲ့မျက်စိအရှေ့ကနေပြီးတော့ ပျောက်သွားတယ်။ ညီမ ပထမကတော့ Miss တစ်လိုင်းပဲ သွားဖြစ်တယ်၊ကြော်ငြာ တွေရိုက်တယ်၊ ရှိုးပွဲတွေ လျှောက်ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ညီမ ပရိသတ်တွေက ညီမကိုပြောတယ် သရုပ်ဆောင်အနေနဲ့ မြင်ချင် ကြတယ်၊ ပရိသတ်ရဲ့ အားပေးမှုက အဓိက ဖြစ်သွားတာပါ။ သူတို့ရဲ့ အားပေးမှုကြောင့်လည်း ညီမ သရုပ်ဆောင်ဘက်ကို ပြောင်းလာ တာဖြစ်ပါတယ်'' လို့ သူကဆိုပါတယ်။

 

သရုပ်ဆောင်နဲ့ပတ်သက်လို့ ပရိသတ်တွေစတင်သတိထားမိခဲ့ပြီး သူ့ရဲ့ပထမဆုံးရိုက်တဲ့ဇာတ်ကားလေးဖြစ်တဲ့ ပြည်ထောင်စုသစ္စာ ဆိုတဲ့ဇာတ်လမ်းထဲက ရှမ်းခေါက်ဆွဲသည်လေးလည်းဖြစ် ရှမ်းမလေး နန်းဆိုတဲ့ ဇာတ်ရုပ်နဲ့ ပရိသတ်တွေ မှတ်မိကြတဲ့အ တွက် ဝမ်းသာတယ်ဆိုတဲ့ မေဘရဏီသော်က ရှေ့ဆက်အနုပညာလှုပ်ရှားမှုအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

'' ညီမအနေနဲ့ အခါအခွင့်သင့်ရင်တော့ရိုက်ကူးဖြစ်ဖို့များပါတယ်။ရှေ့လျှောက်ဘာတွေဖြစ်မယ်ဆိုတာတော့ ညီမ မသိပါဘူး လက်ရှိ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်ကိုတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။ပရိသတ်အားပေးရကျိုးနပ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်အောင်ပဲ ညီမ ကြိုးစားချင်ပါတယ်။'' လို့  မေဘရဏီသော်က ပြောပြခဲ့ပါတယ်။

play

 

Miss Universe Myanmar 2015 အလှမယ် မေဘရဏီသော်ကတော့ သရုပ်ဆောင်လောကထဲကို တဖြည်းဖြည်းဝင်ရောက်လာသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သရုပ်ဆောင်အရည်အသွေးနဲ့ ပတ်သက်လို့လဲဆောင်ရွက်နိုင်တဲ့ ကာရိုက်တာလောက်သာ ရိုက်ကူးသွားမှာ ဖြစ်ပြီး အခုလက်ရှိမှာလည်း ပန်းနှစ်ပွင့်စီးချင်း ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ဇွဲပြည့်၊ ပိုင်ဖြိုးသု၊ ထက်ကိုကိုလင်းတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကားပုံစံကရှေ့နေဇာတ်လမ်းဖြစ်တဲ့ အတွက် ရှေ့နေတစ်ယောက်နေရာ က ပါဝင်သရုပ်ဆောင် ထားတယ်လို့ duwun Media ကို ပြောပြခဲ့ပါတယ်။

Photo: မေဘရဏီသော် ဖေ့စ်ဘွတ်

See More

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ